part17

9.8K 732 12
                                    

Unicode&Zawgyi

(Unicode)

ရှောင်းကျန့် မှာ...ဝမ်ရိပေါ်  က သူ့ကို
car stand မှာ စောင့်နေသေးတာကို တွေ့လိုက်ရသည်။

"ရိပေါ်..."

ဝမ်ရိပေါ် လက်ပိုက်လျှက် ကားကို မှီနေရာက နောက်လှည့်လိုက်ပြီး...

"ကျွန်တော် တို့ လက်စွပ် သွားရွေးရဦးမယ် မြန်မြန်လာ...."

"ရိပေါ်  ငါတောင်းပန်ပါတယ်.... "

ဝမ်ရိပေါ်ရဲ့ လှုပ်ရှားမှုတို့က ရပ်တန့်သွားတော့သည်။ ပြန်လှည့်လာပြီး ရှောင်းကျန့် နဲ့ မျက်နှာချင်းဆိုင်လိုက်သည်။

"ဘာအတွက် လဲ..."

"ခုနက ကိစ္စ အတွက်.... "

"ကျန့်ကော  ဘာကို ပြောမှန်း နားမလည်ဘူး...."

"ငါ....ရိပေါ်  အမှန်က ရှောင်ချင်းကလေ..."

"အင်း...."

ဝမ်ရိပေါ်  အမူအယာက ရှောင်းကျန့်  ကို ဆက်ပြော ဆိုသည့်ပုံစံဖြစ်နေသည်။

"အမှန်က သူက ငါ တက္ကသိုလ် တက်တုန်းက ငါရဲ့ ချစ်သူ ....သူ့ကို ငါအရမ်းချစ်ခဲ့တယ် သူ့အတွက် ငါ
အန္တရာယ် အဖြစ်ခံ ခဲ့ပေမယ့် သူက ပျောက်ကွယ်သွားတယ်...ငါ အရူး တစ်ပိုင်း ဖြစ်ခဲ့ရတယ်....ငါသူ့ကို လိုက်ရှာခဲ့တယ်...နောက်မှ ငါသိခဲ့ရတာက သူ အခြားနိုင်ငံမှာ အဆင်ပြေနေပြီဆိုတာ...."

"ကျန့်ကော  က သူ့အပေါ်စိတ်ရှိနေသေးတာပဲ...ကျွန်တော် တို့ လက်စွပ်ဆိုင်သွားဖို့ မလိုတော့ဘူး...."

ဝမ်ရိပေါ် တည်တင်းနေတဲ့ မျက်နှာနဲ့ နောက်လှည့်ထွက်လိုက်သည်။

"ချစ်တယ်..... "

ရှောင်းကျန့်  ၏ ထိုစကားတစ်​ခွန်းကြောင့် ဝမ်ရိပေါ်  ခြေလှမ်းတို့ ရပ်တန့်သွားသော်လည်း ရှောင်းကျန့် ဘက်ကို ပြန်လှည့်မကြည့်ဘဲ ကျောခိုင်းလျှက်သာ ဆက်လက် နေနေသည်။

"ငါ မင်းကို ချစ်တယ် ရိပေါ် .... အရင်က ငါသူ့ကို ချစ်ခဲ့ပေမယ့် အခု ငါ့နှလုံးသားက လက်ခံထားတာ မင်းတစ်ယောက်ထဲပါ.....မင်းက ငါ့ရဲ့ အရာအားလုံး ပဲ....... "

သို့သော် ဝမ်ရိပေါ် မှာ ပြန်လှည့်မလာ...။

ရှောင်းကျန့် ဝမ်ရိပေါ် ကို နောက်ကနေ
သိုင်းဖက်လိုက်ပြီး....

Untitled Love(yizhan)completedWo Geschichten leben. Entdecke jetzt