part2

19.2K 1.2K 34
                                    

Unicode & Zawgyi

(Unicode)

"ကျွန်တော် သူ့ကို လက်ထပ်မယ်..."

ဝမ်ရိပေါ် မှာ... ရှောင်းကျန့် ပြောသည်ကို
ဆုံးအောင်မစောင့်ပဲ..ရှောင်းကျန့်  ကို ညွှန်ပြရင်း ဖြတ်ပြောလိုက်သည်။ 

ရှောင်းကျန့်  ဘာမှ ပြန်မတုံ့ပြန်ဘဲ ဝမ်ရိပေါ် ကိုသာ  စိုက်ကြည့်နေသည်။

"သူ လက်မထပ်ချင်ပေမယ့်....ကျွန်တော် လက်ထပ်ချင်တယ်...မိဘ စကားက မပစ်ပယ်ကောင်းဘူးလေ...."

ဝမ်ရိပေါ်မှာ မိဘ စကား နားထောင်သည့် သားလိမ္မာလေး အသွင် ဆောင်နေလေသည်။

ဟန်လွေ့ပင်း ကမူ လေးစားအားကျသည့် အသံဖြင့်...

"သားလေးက အလိမ္မာလေးပဲ ညီမချူ တို့တော့ အရမ်းကံကောင်းတာပဲ..."

(ငါ့သားက ဘယ်တုန်းက ဒီလောက် စကားနားထောင် သွားတာလဲ.... )

ချူ ယောင်ယောင် မှာ သူ့သားအကြောင်း
သိသော်လည်း အမှန်ကို ပြော၍ မဖြစ်သည်မို့
အပြင်၌မူ အပြုံးကို ဆင်မြန်း ရင်း ဟန်လွေ့ပင်း စကားကို လက်ခံလိုက်ရသည်။

"အန်တီဟန်...."

"ပြောလေ သားလေး..."

"ကျွန်တော် အန်တီ့ သားကို ဘယ်လို ခေါ်ရမှာလဲ..."

"ဟုတ်သားပဲ အန်တီက မိတ်ဆက်ပေးဖို့
မေ့နေတာ
အန်တီသား နာမည်က ရှောင်းကျန့် 
သားထက် ၂နှစ် ကြီးတယ်...."

"ဒါဆို ကျန့်ကော...ပေါ့..."

ဝမ်ရိပေါ် အပြုံးချိုချိုလေးနဲ့ ရှောင်းကျန့် ကို မျက်နှာချင်းဆိုင် လိုက်ပြီး...

"ကျန့်ကော တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော် က ဝမ်ရိပေါ် ... "

"အစ်ကို လည်း ဝမ်းသာပါတယ်... "

ရှောင်းကျန့် မမျှော်လင့်ထားသည့် ဝမ်ရိပေါ် အပြုအမူတို့ကြောင့် အတွေးတချို့နဲ့ အတူ ပြုံးရယ်မိသွားသည်။

(ဒီကလေး ချစ်စရာကောင်းသားပဲ...ငါက သူ လက်မခံ လောက်ဘူးထင်ထားတာ.... )

ဝမ်ရိပေါ်  တွေ့ဆုံပွဲ က ပြန်လာကတည်းက
ကရားရေလွှတ်သလို မနားတမ်း သူ့အမေကို ပြောနေသည်။

Untitled Love(yizhan)completedWhere stories live. Discover now