part34

8.9K 607 20
                                    

Unicode&Zawgyi

(Unicode)

"ရိပေါ်....မင်းစိတ်လျှော့လို့ရမလား..."

ရှောင်းကျန့်...ဝမ်ရိပေါ်ကို ချော့မြူလိုက်ပါ၏။

"ငါတို့ စိတ်လျှော့ပြီး စကားအေးဆေး ပြောရအောင်လေ ရိပေါ်... နော်...ရမလား..."

ဝမ်ရိပေါ်ကား မည်သည့် ခံစားချက်မှ မပါဝင်တော့သည့် အကြည့်တို့ဖြင့် ရှောင်းကျန့်ထံ ကြည့်လာခဲ့သည်။ သို့သော်ငြား တစ်ကြိမ်တစ်ခါမှ ဤမျှလောက် နာကျင်စွာ ကျဆင်းဖူးခြင်း မရှိပါသည့် မျက်ရည်တို့က မျက်ဝန်းတို့က နေ အညှာအတာမရှိ လိမ့်ဆင်းကျနေခဲ့သည်။

မျက်ရည်တို့ကြောင့် ရှောင်းကျန့်၏ ချော့မြူလက်စ စကားတို့နဲ့အတူ ကမ်းလင့်နေသည့် လက်တို့က ရပ်တန့်သွားရသည်။ သူသည်လည်း ရင်ထဲ၌ တင်းကြပ်မှု တစ်ခုကို ခံစားလာရသည်နှင့်အမျှ ပြောနိုင်စွမ်း မရှိတော့ပေ။

ဝမ်ရိပေါ်သည်ကား အပြုံးယဲ့ယဲ့လေး
ပြုံးလိုက်ပြီးနောက်...

"ကျန့်ကော နောက်မှ ....နောက်မှ ပြောကြတာပေါ့...အခုချိန်... ကျွန်တော် မပြောနိုင်ဘူး...စိတ်လည်း မလျှော့နိုင်သလို စိတ်လည်းမအေးနိုင်ဘူး...."

"ရိပေါ်..."

ဝမ်ရိပေါ် သူ့လက်ထဲက နေ့လည်စာ ထမင်းဗူးကို ရှောင်းကျန့် ထံ ကမ်းပေးလိုက်သည်။

"ယူလိုက်ပါ... ကျန့်ကော မဟုတ်ရင် ဗိုက်ဆာနေလိမ့်မယ်..."

"ရိပေါ်.. ငါ အခုချိန်မှာ ဗိုက်ဆာနိုင်မယ် ထင်နေလို့လား...မင်း..."

"ကျွန်တော် ဒီပေါ်မှာ တင်ခဲ့ပြီ..."

ရှောင်းကျန့်၏ မာန်မဲသံကား ဆုံးခန်း မတိုင်။

တစ်ဖက်လူ၏ ကမ်းယူခြင်း ရှိမလာသည့် ထမင်းဗူးငယ်လေးကား စားပွဲ ပေါ်၌ တိတိပပ ချန်ထားခြင်း ခံခဲ့ရသည်။

တစ်စုံတစ်ယောက်နဲ့ အတူ.....။

ရှောင်းကျန့် ကား အားလျော့စွာ နဲ့သာ ထိုင်ချလိုက်မိတော့သည်။

သူမည်သို့ လုပ်ရတော့မည်နည်း။ ကံကြမ္မာ... ကံကြမ္မာ က သူ့ကို လှောင်ရယ်နေသည်လား။ အချစ်ကား သူ့အတွက် မဟုတ်လေသလား။ ဘာကြောင့် ဒီလောက်တောင် ခက်ခဲ နေရတာလဲ။ သူ...သူ တကယ် ရိပေါ်ကို အထင်မလွဲစေချင်ပေ။ သူ၏အသွေးအသားအရာအားလုံးနဲ့ မြတ်နိုးရသည်မို့ ။

Untitled Love(yizhan)completedDonde viven las historias. Descúbrelo ahora