part29

9.2K 656 14
                                    

Unicode &Zawgyi

(Unicode)

ရှောင်းကျန့် စိတ်က အလိုလို တင်းကြပ်သွားသည်။

အလိုလိုပင် ပြန့်ကြဲနေသည့် အပျက်အစီးပုံနဲ့အတူ ဒေါသစိတ်ကြောင့် တောက်လောင်နေ သည့် ဝမ်ရိပေါ်ထံသို့ အကြည့်ရောက်သွားသည်။

'သူ ဒီလောက်တောင် စိတ်ဆိုးနေရတာ ငါ့ကြောင့်လား'

ရှောင်းကျန့် အတွေးတို့က ရှုပ်ထွေးသွားရသည်။

ဝမ်ရိပေါ်မှာ... ရှောင်းကျန့် ပြုမူတုံ့​ပြန်သည့်
အမူအယာတို့ကို စိတ်ဝင်တစား  စိုက်ကြည့်ရင်း ဆိုဖာ၌ အေးအေးသက်သာ ပြန်ထိုင်လိုက်သည်။

မှန်းမရသည့် လေးနက်သည့် အကြည့်တို့က ရှောင်းကျန့်ကို အပြစ်သားတစ်ယောက်လို ခံစားရစေသည်။

"ကျန့်ကော....ကျွန်တော် မနက်က ဘာပြောခဲ့လဲ...."

ရှောင်းကျန့် ကား တိတ်ဆိတ်နေမြဲ။

"ကျွန်တော် လာကြိုမယ်လို့ ပြောခဲ့တယ်... ဒါပေမဲ့..."

ဝမ်ရိပေါ် ပြောနေသည်ကို ခဏ ရပ်လိုက်ကာ ရှောင်းကျန့်ကို နက်နက်နဲနဲ စိုက်ကြည့်လိုက်သည်။

"ကျန့်ကော က သူငယ်ချင်း နဲ့ သွားတွေ့ခဲ့တယ်တဲ့လား....ကျွန်တော် ဖုန်းအကြိမ်ကြိမ် ဆက်ခဲ့တယ်... မကိုင်ခဲ့ဘူး....အကြိမ်တော်တော် ခေါ်ဆိုပြီးသွားတော့ ကျွန်တော် ဆက်တဲ့ဖုန်းကို ပြန်ဖြေသူ ရှိလာတယ်... "

ရှောင်းကျန့်ဆီက အဖြေစကားကို ကြားချင်သည့်အလား ရပ်တန့်လိုက်ပြန်သည်။
သို့သော် အတွေးများကာ တိတ်ဆိတ်နေသည့် ရှောင်းကျန့်ကို ကြည့်ကာ သူ့နှုတ်ခမ်း၌
ခနဲ့ပြုံး တည်လာ၏။

"ဒါပေမဲ့ ပြန်ဖြေတဲ့သူက ဖုန်းပိုင်ရှင် ဟုတ်မနေခဲ့ဘူး...မေးကြည့်တော့ ပိုင်ရှင်က ရေချိုးခန်းထဲ ရောက်နေတယ်တဲ့....တကယ်တော့ ကျွန်တော် သိချင်မိသား...ဘယ်လို သူငယ်ချင်းမျိုးမို့လို့ အိမ်ထိ လိုက်သွားပြီး ရေချိုးခန်းထဲထိ ရောက်သွားရတာလဲ...ကျွန်တော် တကယ် နားမလည်နိုင်လို့ပါ...ကျန့်ကော ရှင်းပြနိုင်မလား..."

အေးစက်ကာ လေးနက်တည်ငြိမ်နေသည့် စကားသံက တစ်လုံးချင်းစီ ပြတ်သားစွာ ထွက်ကျလာ၏။

Untitled Love(yizhan)completedWo Geschichten leben. Entdecke jetzt