part25

9.1K 571 15
                                    

Unicode&Zawgyi

(Unicode)

လက်ထပ်ပြီးချိန်မှစလို့ ဝမ်ရိပေါ်၏ နေ့စဥ် လုပ်ငန်းဆောင်တာထဲတွင် အလုပ်တစ်ခု တိုးလာခဲ့သည်။

ထိုသည်မှာ ရှောင်းကျန့်၏ မူပိုင် ဒါရိုင်ဘာအဖြစ် ရာထူးတိုးသွားခြင်းပင်။

"ကျန့်ကော ဒီနေ့လည်း ကျွန်တော် ညနေ
လာကြိုမယ်နော်..."

ဝမ်ရိပေါ်မှာ ထိုသို့ ပြုလုပ်ရသည်ကို အလွန်တရာ ပျော်ရွှင်နေပုံပင်။

ရှောင်းကျန့် သူ၏ကားတံခါးဖွင့်နေသည့် လက်တို့ကို တန့်လိုက်ပြီး ဝမ်ရိပေါ် ကို လှည့်ကြည့်လာသည်။

"ဟုတ်ပါပြီ....ငါက မိန်းမပျိုလေး မဟုတ်ပါဘူး....ဘယ်သူမှ ပြန်ပေးမဆွဲပါဘူး..."

ဝမ်ရိပေါ်... ရှောင်းကျန့်ကိုယ်လေးကို ဆွဲယူပွေ့လိုက်ပြီး နဖူးပြင်ထက် အနမ်းဖွဖွ တစ်ပွင့်ခြွေလိုက်သည်။

"ကျန့်ကော က မိန်းမပျိုလေး မဟုတ်လို့ကို ကျွန်တော် စိတ်မချတာ.... ကျွန်တော်ချစ်တဲ့လူသားက မိန်းမပျို မဟုတ်ဘဲ အရမ်းခန့်ငြားတဲ့ ကျွန်တော့် အိမ်သူလေ....မတော်လို့ မလိုတမာ ကြံစည်ကြရင် ကျွန်တော် ရင်ကွဲရချည်ရဲ့..."

"တော်ပြီ.... မင်းနေ့တိုင်း ဒီလို ချိုအီအီ စကားတွေ ပြောနေတာ ငါ ရိုးအီသွားမှာ မကြောက်ဘူးလား..."

"ဟမ်....ကျန့်ကော က ကျွန်တော့် ကို ရိုးအီသွားပြီလား....ကျွန်တော် အစွန့်ပစ်ခံရတော့မှာလား..."

"အင်း...ငါ မင်းကို စွန့်ပစ်တော့မှာ...."

ရှောင်းကျန့် မျက်မှောင်ကျုံ့လျှက် စဥ်းစားဟန် ပြုနေသော်လည်း မျက်နှာလေးကတော့ ရယ်ရွှင်ဖွယ် ရှိနေဆဲပင်။

"ဘယ်မှာ ပစ်ရင် ကောင်းမလဲ... တောထဲ သွားပစ်သင့်လား...လမ်းဘေးမှာပဲ ပစ်လိုက်သင့်လား...ဟင်...ငါ မင်းကို ဘယ်နေရာ ပစ်လိုက်သင့်လဲ..."

"တကယ်ပဲ ကျန့်ကော ကျွန်တော့် ကို စွန့်ပစ်မယ် ဆိုရင်လေ... ကျန့်ကောရဲ့ ဘယ်ဘက်ရင်ဘတ်ပေါ်က နှလုံးသား လေး ထဲကို စွန့်ပစ်လိုက်နော်....ကျွန်တော် ကျန့်ကော အချစ်တွေကို နာခံပါမယ်..."

Untitled Love(yizhan)completedWhere stories live. Discover now