Unicode &Zawgyi
(Unicode)
သူတို့ကြားထဲရှိ လေထုကား တိတ်ဆိတ်ငြိမ်သက်လို့သွား၏။
"ဟန်အာ...အသာနေစမ်း....
သွား ...ကိုယ်လုပ်စရာရှိတာ သွားလုပ်နေ...."ဟန်လွေ့ပင်းမှာ ဟန်အာကို ဆိတ်ဆိတ်နေရန် တားလိုက်ရသည်။
"ဒေါ်လေး....တကယ်ဆူ သင့်တာ ဟန်အာ့ကို မဟုတ်ဘူး....သူ့ကို... သူ့ကို ဆူသင့်တာ....
ဒီလောက် မစဉ်းစားတတ်တဲ့ သူမျိုး အခုမှ တွေ့ဖူးတာ..."ဟန်အာမှာ အဒေါ်ဖြစ်သူထံမှ တားမြစ်ခံရလိုက်မှုကြောင့် မကျေမနပ်နဲ့ ဝမ်ရိပေါ်ကို လက်ညိုးထိုးလျှက် ပြောလာသည်။
"ဟန်အာ...."
ဟန်လွေ့ပင်း... ဟန်အာကို ထပ်မံ တားမြစ်လိုက်ရ၏။
ဟန်အာမှာ ထပ်မံ တုံ့ပြန်ခြင်း မပြုတော့ပဲ ဝမ်ရိပေါ် ကို မကျေမနပ်ကြည့်ကာ ထိုနေရာကနေ ခြေဆောင့်လျှက် ထွက်သွားတော့သည်။
"ဟန်အာ က အလိုလိုက်ထားတော့ တော်တော်လေး ဆိုးသွမ်းနေပြီ..."
ဟန်လွေ့ပင်း မှာ ထိုကလေးမ အပြုအမူကြောင့် သက်ပြင်းသာ အသာချနိုင်တော့သည်။
ထိုကလေးမကား သူ့ကိုကို ကို တအား
ချစ်လွန်းသည်။
သူ့ကိုကို ကို ထိခိုက်အောင်လုပ်တဲ့
ဘယ်သူမဆို သူနှစ်သက်မည်မဟုတ်ပေ။
သူ ပနံသင့်ခဲ့သည့် ဝမ်ရိပေါ် ပါ အပါပေ။"မမှားပါဘူး...ဟန်အာပြောတာတွေ အမှန်တွေပါ...မေမေ.... ကျွန်တော် ရူးသွပ်ခဲ့တာ...ကျွန်တော့် ဦးနှောက်က ဗလာဖြစ်နေပြီ ထင်တယ် မေမေ...ကျွန်တော် ဘယ်လို လုပ်ရမလဲ...ကျန့်ကော...ကျန့်ကောသာ...."
ဝမ်ရိပေါ်ကား မျက်နှာပြင်ကို လက်နဲ့ ပွတ်သပ်လိုက်သည်။ သူ့စိတ်တို့က ရှုပ်ထွေးလို့ နေလေပြီ။
ဝမ်ရိပေါ်၏ ပူလောင်မှုက ဟန်လွေ့ပင်း ထံသို့ ပါ ရိုက်ခတ်လာသည်။ ယခု ဖြစ်လာသည့် ကိစ္စ မှာ သူတို့မိဘ တွေအနေနဲ့ နှစ်သိမ့်ပေးရုံသာ တတ်နိုင်သည်။
စိတ်ခံစားချက်သည်ကား ကာယကံရှင်တို့နဲ့ သက်ဆိုင်သလို ဆုံးဖြတ်ချက်တို့သည်လည်း ကာယကံရှင်တို့နဲ့သာ သက်ဆိုင်ပေသည်။
YOU ARE READING
Untitled Love(yizhan)completed
FanfictionWang Yi Bo: ကျွန်တော် က ယောက်ျား လေးတစ်ယောက်ကို လက်ထပ်ရမှာ တဲ့လား... Wang Yi Bo: ကျွန်တော် က ယောကျ်ား လေးတစ်ယောက်ကို လက်ထပ်ရမှာ တဲ့လား... Xiao Zhan & Wang Yi Bo Fan Fic Yizhan fanfic Starting date: 24 October 2019 Ending date: 10 December 2019