part40

9.7K 634 20
                                    

Unicode &Zawgyi

(Unicode)

ဝမ်ရိပေါ်သည်ကား နေရာ၌ မတုန်မလှုပ်ရှိနေမိသည်။

"ငါ့ရဲ့အမှားတွေပဲ ငါ နားထောင်ခဲ့သင့်တယ်...မဆင်မခြင် လုပ်မိတဲ့ ငါ့အမှားတွေပဲ..."

ဝမ်ရိပေါ်ကား အရူးတစ်ယောက်လို ခပ်သွက်သွက် ရယ်မောလာ၏။

ကော်ဖီဆိုင်အတွင်းက လူအပေါင်းတို့က
သူ့အား အထူးအဆန်းသဖွယ် ကြည့်ရှုလာသည်။

ဝမ်ရိပေါ်မှာ ထိုအကြည့်တို့ကို အာရုံ မစိုက်နိုင်ပေ။

လိပ်စာ စာရွက်ကို အလျှင်အမြန် ကောက်ယူကာ ကော်ဖီဆိုင်အတွင်းက ဒရောသောပါး ထွက်လာခဲ့သည်။

ယွန်းစွေ့ချင်း ပေးလိုက်သည့် လိပ်စာထဲကနေရာလေးကို ရောက်ဖို့ ဝမ်ရိပေါ်မှာ အချိန်တစ်နာရီကျော်မျှ ကြာသွားသည်။

အိမ်လေးကား စိတ်ကူးယဥ်ဆန်ကာ လှပသည်။

သို့သော် အိမ်ထဲ၌ လူရိပ်လူယောင် နည်းနည်းမျှ မတွေ့ချေ။

ဝမ်ရိပေါ်မှာ ခြံရှေ့၌ ရပ်လျှက် တုံ့ဆိုင်းနေ၏။

"အစ်ကို....ဘာရှာနေတာလဲ... "

အသက် ၁၃နှစ် ဝန်းကျင်လောက်ရှိသည့် ကောင်လေးက ဝမ်ရိပေါ် အနား လျှောက်လာကာ မေးလိုက်၏။

"......."

ဝမ်ရိပေါ်မှာ ပြန်ဖြေရန် အဖြေစကား ရှာမတွေ့ ဖြစ်နေသည်။

"အရူးလား မသိဘူး...မေးတာလည်း ပြန်မဖြေဘူး..."

အနှီကလေးကား အားနာဟန်မရှိ။ တိုက်ရိုက်ပင် ပြောချလာသည်။

ဝမ်ရိပေါ် မှာ ထိုကလေးကို ဒေါသထွက်လာသော်လည်း ပြုံး၍သာ တုံ့ပြန်နိုင်သည်။
ထိုကောင်စုတ်လေးဆီက သူမေးစရာ ရှိသေးသည်။

"ညီလေး ဒီအိမ်မှာ ဘယ်သူနေတာလဲ..."

"ကျွန်တော် လေ..."

ဝူရှောင်ရီက သူ့ကိုယ်သူ လက်ညိုးထိုးလျှက် တုံ့ပြန်လာသည်။

"ဟမ်..."

ကျန့်ကော ဒီမှာ မရှိဘူး။ သူ့ကို ယွန်းစွေ့ချင်း က မလိမ့်တပတ် လုပ်သွားပြန်ပြီလား။
အနှီ မိန်းမကို နောက်တစ်ခါ တွေ့ရင် သူ ကျိန်းသေ ပေါက် လည်ပင်း ညစ်သတ်ပစ်မည်။ 

Untitled Love(yizhan)completedWhere stories live. Discover now