*****Zawgyi& Uni*****
*****Zawgyi*****
မနေ့က တစ်ပိုင်းထဲဖတ်ရတာအားမရတဲ့ ကိုယ့်ရဲ့စာဖတ်သူလေးတွေအတွက် ဒီနေ့အစောကြီးကိုထပ်တင်ပေးလိုက်တယ်နော် ကျေနပ်ကြမယ်ထင်ပါတယ်လိုစ့် အားပေးမှုလေးတွေအတွက် တကယ်ကို ကျေးဇူးကမ္ဘာပါနော်💝
<<<<<>>>>>
နှစ်ဖက်လုံး အမှန်တကယ် ဒေါသများ ထွက်နေကြသည်မို့ကြားက Sandi မှာ မနေသာတော့ပဲ......."ကဲပါ....ထူးပန်ရယ် နင်ကလည်းစိတ်လျှော့ပါ
ဟို..... ဒီက မောင်လေးကလည်း
စိတ်မရှိပါနဲ့နော် သူကအဲလိုပဲ လူကရှည်သလောက် စိတ်က လက်တစ်ဆစ်ရယ်"သူမ စကားပင်မဆုံးသေး.....
ဘေးနားရှိ ဖက်ခေါင်းအုန်းလေးနဲ့ ရိုက်ချလာသော ထူးပန်......။"Mi Sandi.... နင်သေချင်နေတာလား
ငါအခုလိုတွေ အစော်ကားခံ နေရတာ နင့်ကြောင့် ပုလုံးမရဲ့ နင် သောက်ဇယားတွေရှုပ်လို့ သိလား" ပြောလည်းပြော ရိုက်လည်းရိုက်နေပါသော ဆုထူးပန်....။ထိုအခါမှတစ်ဖက်က စိုင်းမှာလည်း
ခုနက ဒေါသတွေထွက်စိတ်တွေဆိုးနေသည်မှာ
သူမဟုတ်သည့်အတိုင်း
*အော်..... ဒါ ငါ့ပုံနဲ့Fake Acc ဆီက ဂျင်းထည့်ခံရတယ်ဆိုတဲ့ သူ့သူငယ်ချင်းကိုး ။ထင်တော့ထင်ပါတယ် ဒီပုပုလုံးလုံးနဲ့က ဘယ်လိုနည်းနဲ့မှ သူ့ရည်းစားမဖြစ်နိုင်ပါဘူးလို့....... 😊*(အံမယ် မနေ့ကကြ သူပဲ ထူးပန်ဝေါထဲဝင်မွှေ ပုံတွေကြည့်ပြီး ဂျယ်လီ အတောင့်လိုက်နင်နေခဲ့ပြီးနော်😁)
စိတ်ဆိုးကပြေသွားတော့ ထိုစိတ်ကြီးလှပါသော ကိုလူချောကို စချင်စိတ်က ပြန်ပေါ်လာသည်မို့.....
"ဟေးးးးဟေးးး......
ဒီ မှာ စကားကို ဆင်ခြင်ပြော
ဘယ်မှာ ခဗျားကိုစော်ကားနေလို့လဲ
စော်ကားဖို့ နေနေသာသာ ခဗျားမျက်နှာကလွဲ ကျန်တာ မြင်တောင်မြင်ဖူးသေးတာ မဟုတ်ဘူး"(ကလေးကဘာကိုမြင်ဖူးချင်နေတယ်လား🤭)"မင်းး..... မင်းက ဘယ်လိုစကားမျိုးမဆို ပြောထွက်ရဲတာပဲ အရှက်က တစ်စက်မှကို မရှိတာ အံသြတယ်"
"ကျွန်တော် အရှက်မရှိတာ ခဗျားနဲ့မှပါ"
*ဒါ တကယ်မှန်သော စကားပါ ။စိုင်းဟိန်းထက်ဆိုတာ ဘော်ဒါရင်းတွေနဲ့ကလွဲ တခြား သူနဲ့ဆို ခုလိုအရှက်မဲ့ မျက်နှာပြောင်ဖို့နေနေသာ စကားတောင်ပြောဖို့ ဝန်လေးနေတတ်သူ အချေမင်းသားတစ်ပါးပါ.....။
ဘယ်သူနဲ့မှ အရောမဝင်သလို လာရောသမျှကိုလည်းအားမနာတမ်း ပထုတ်တတ်သူမို့ သူဟာ မိန်းကလေးအသိုင်းဝိုင်းတင်မက ယောကျာ်းလေး တွေကြားမှာပါ အချေKingအဖြစ်ရေပန်းစားသူ တစ်ယောက်ပါ။သို့သော် ဒီလူနဲ့ဆုံမိကာမှ သူ့ရဲ့မာန တွေခဝါကျရုံမက ထိုသူကိုစိတ်ဆိုးအောင် စနောက်နေရတာကိုပင် သူမှာပျော်မွေ့နေမိခြင်း ပါ*ခုလည်းကြည့် 94 bornတဲ့ သူစတာကို ဆတ်ဆတ်ထိမခံ ဒေါသူပုန်ထနေတာ ဘယ်.... သူမစချင်ပဲနေမလဲ။
YOU ARE READING
မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)
Romance******Zawgyi***** အွန်လိုင်းပေါ်ကအချစ်လေလှိုင်းထဲကအချစ်ကိုအယုံကြည်မရှိသောကောင်လေး၊Actionကား၊သိုင်းကားနဲ့KDramaကားတွေလောက်သာစိတ်ဝင်စားပီး Qဖို့Chatဖို့စိတ်မဝင်စားသော၊အချစ်ကိုအယုံကြည်မရှိသော FAကောင်လေး....... ဆုထူးပန်။ *****Uni****** အွန်လိုင်းပေါ်ကအချစ...