💝51💝

12.7K 766 166
                                    

******Zawgyi*******
ထူးပန်မနက်နိုးလာတော့ရင်ခွင်ထဲမှာ
တစ်ကိုယ်လုံးနစ်ဝင်နေသည့်အထိ အကျအနအိပ်မောကျနေပါသောမောင်။သူ မောင့်ရဲ့ ပါးအိအိလေးတွေ ကို မွှေးကြူပြီး.....

"မောင်....ထ....ထတော့ ဒီနေ့ လျှောက်လည်ကြမှာလေ မေမေတို့ကို စောင့်ခိုင်းနေရမယ်
ထတော့....."

"အွင် အစောကြီးရှိသေးတယ်လေ ကိုကိုကလည်း "

"ဘာစောရမှာလဲ ထတော့ စောစောသွားမှ
နေရာစုံရောက်တော့မှာပေါ့....အပျင်းကြီးမနေနဲ့ကွာ
ထတော့ဆိုနေ....."

"အာ့ဆို အဲ့လိုလေသံနဲ့မနှိုးနဲ့...."

"Om ဘာမှလဲမဆိုင်ဘူး..."

"ကိုကိုနော်...."

"ကဲဟုတ်ပါပြီ....ဒါဆိုဘယ်လိုလေသံနဲ့နှိုးရမှာလဲဗျာ
ပြောပါအုန်း....."

"မောင်ရေ....ထတော့နော် ချစ်တယ်....
ပြောပြီး နှိုးမှပေါ့ ကိုကို ငပိန်းရဲ့

"အမ်...."

"ဘာလဲ ကိုကိုက ငြိုငြင်ချင်တာလား...."

"ကိုဘာပြောလို့လဲကွာ
ဟုတ်ပြီ.....မောင်ရေ ထတော့နော် ချစ်တယ်နော်...
ကဲရပြီလား....ထတော့...."

"မရသေးပါဘူး....
အဲ့လိုဝတ်ကျေတန်းကျေမပြောနဲ့
စိတ်ထဲက ပါပါ ပြော....
ဆောင့်အောင်မပြောနဲ့....."ဆိုကာ ဟိုနာမည်ကြီးနေတဲ့ ကလေးမလေး ဘယ်သူပါလိမ့် ။အဲ သူ့လိုလုပ်ပြီး လူကိုအသည်းတယားယားဖြစ်ရအောင် လုပ်လေသည်။

မိုးမလင်းသေးဘူး
မျက်လုံးသာမဖွင့်တယ် ဒီလူကို ကြံဖန်ရစ်နေတဲ့
ငဂျစ်လေးကို အူယားစွာ နှာတံလုံးလုံးလေးကို
ဖျစ်ညှစ်မိလေသည်။ဒင်းလေးကို အလျှော့ကလည်း မပေးချင် စချင်သေးသည်မို့.....

"မောင်ရာ မရစ်စမ်းနဲ့
မထသေးဘူးလား ရတယ်ဖယ်
အဲ့မှာနေသာနေခဲ့တော့..... "ဆိုကာ ရင်ခွင်ထဲက ကိုယ်လုံးလေးကို တွန်းဖယ်ရင်း ထဖို့ပြင်လိုက်သည်။ဒီတော့လည်း အကောင်ဆိုးလေးက အထမခံ လူပေါ် ကုပ်ကွတက်ကာ.....

"ကိုကိုနော်....ဒီလောက်လေးနှိုးရတာကို
စိတ်မရှည်ပေးနိုင်ဘူး.....မောင့်ကို အချစ်လျော့သွားပြီမလား ပြော.... ပြော....."ဆိုကာ......လူပေါ်ကနေ
ကလိလာထိုးနေတာကြောင့် ထူးပန်မနေတတ်စွာ အော်ဟစ်ရုန်းကန်ရယ်မောရသည်။ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ မနက်ခင်းလေးက အနမ်းတွေရယ်သံတွေ နဲ့ ကျီစယ်ရင်း.......ချိုမြန်ခြင်းနေ့သစ်ကို အစပျိုးလေသည်။

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now