** ***Zawgyi*****
နောက်နေ့ရောက်တော့ စိုင်း၊ကျော်ကြီးနဲ့စန္ဒီတို့က လိုအပ်သည်များဝယ်ဖို့ အတူထွက်လာခဲ့ကြပြီး ထူးပန်ကတော့ ဝပ်ရှော့မှာ ကားစစ်ဆေးရန် ကျန်ခဲ့သည်။လေးယောက်သား ကိုယ်စီတာဝန်များဖြင့် ထိုနေ့ညနေက ဆုံနေကြ မဆုံဖြစ်တော့ဘဲ ထူးပန်နဲ့စိုင်းမှာလည်း တစ်နေကုန်စာ ဖုန်းနဲ့သာအလွမ်းဖြေရပြီး နောက်နေ့ခရီးစဉ်အတွက် စောစောအိပ်၍ အနားယူလိုက်သည်။
စိုင်း မနက်အစောကတည်းကထ၍ သူကိုကိုနဲ့ အတူဝတ်ရန်ဝယ်လာသည့် သူ့အကြိုက်အပြာနုရောင် တီရှပ်နဲ့ ဂျင်းပင်ပြာCouple ဝတ်စုံလေးနဲ့ ဦးထုပ်လေးကို ယူ၍ ကိုကိုတို့အိမ်ဆီအစောကူးလာခဲ့သည်။သူရောက်တော့ ကိုကို အိပ်ပုပ်က ထတောင်မထသေး ။
ဒေါ်တူးကပဲတံခါးလာဖွင့်ပေးခဲ့သည်။သူ အပေါ်ထပ်ကိုကို့ အခန်းထိ တက်လာပြီး
ကိုကို့ကို အတင်းဖိခွကာ ကလိ၍ မနည်းနှိုးယူပြီးကာမှ ထကာ ရေချိုးသောကိုကို့ ကိုသူအသင့်ယူလာသော ဝတ်စုံလေးကို ထုတ်ပေးထားလိုက်သည်။အစကကိုကိုကအံသြ၍ ထိုသို့ဝတ်ရမည်ကိုပဲရှက်နေသေးသည်။သူနှုတ်ခမ်းစူကာ စိတ်ကောက်တော့မှ ဝတ်သော ကိုကို့ကို စိုင်းအပစ်ပေးသည့်အနေဖြင့် ကိုကို့နှုတ်ခမ်းဖူးလေးကို စုပ်နမ်း၍ သွားတက်လေးနဲ့ ကိုက်ပစ်လိုက်သည်။ကိုကိုက နာသွားသော်လည်း သဘောတွေကျကာရယ်တောင်ရယ်နေသေးသည် ဟွန့်။နောက် သိပ်မကြာ စန္ဒီလည်း ရောက်လာပြီမို့ သူတို့ အဆောင်မှာနေသော ကျော်ကြီးကို ဝင်ခေါ်ကာ ပြင်ဦးလွင်ဆီ ခြေဆန့်ခဲ့ကြသည်။အံမယ် သူတို့ကလဲ Couple ဝတ်စုံနဲ့ဗျ။
ကျော်ကြီးက သူမောင်းမည်ဆို၍ ကိုကိုနဲ့သူ နောက်ခန်းမှာ တစ်ယောက်ကိုတစ်ယောက် ထွေးဖက်ရင်း ဒီဇင်ဘာဆောင်းကို အံတုနေသည်။Heat ဖွင့်၍ မောင်းသော်လည်းကိုကို့ရင်ခွင်ကမှ သူ့အတွက်လုံခြုံနွေးထွေးစေတာရယ်။ထူးပန်သည်လဲ ရင်ခွင်ထဲက အကောင်ပေါက်လေးရဲ့ လက်လေးတွေကိုထွေးဆုပ်ပေးလိုက်၊ရဲတက်နေတဲ့ပါးလေးတွေကို ပွတ်သပ်ပေးလိုက်နဲ့ တစ်ချက်တစ်ချက်မော့ကြည့်လာတဲ့ စိုင်းရဲ့မျက်နှာနုနုလေးထက်က နှာထိပ်ဖျားလေးကို နှာခေါင်းချင်း ထိတွေ့ကျီစယ်လိုက်နဲ့ ပြင်ဦးလွင်မြို့ထဲတောင်ဝင်လာခဲ့ချေပြီ။
YOU ARE READING
မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)
Romance******Zawgyi***** အွန်လိုင်းပေါ်ကအချစ်လေလှိုင်းထဲကအချစ်ကိုအယုံကြည်မရှိသောကောင်လေး၊Actionကား၊သိုင်းကားနဲ့KDramaကားတွေလောက်သာစိတ်ဝင်စားပီး Qဖို့Chatဖို့စိတ်မဝင်စားသော၊အချစ်ကိုအယုံကြည်မရှိသော FAကောင်လေး....... ဆုထူးပန်။ *****Uni****** အွန်လိုင်းပေါ်ကအချစ...