******Zawgyi*****
မိမိတို့ကားမှာ သူစိမ်းပါလာသည်ဆိုသည့်အသိနဲ့အတူ ခုနက ကျွတ်ကျွတ်ညံအောင် တွတ်ထိုးရင်း စကားများလာကြသော စန္ဒီနဲ့ စိုင်းမှာလည်း ငြိမ်ချက်သားကောင်းနေသည်။ထူးပန်မှာလည်း မျက်နှာတည်ကြီးနဲ့ ကားကိုသာ အာရုံစိုက်မောင်းနေသည်။ကျော်ကြီးမှာ အိပ်မှုန်စုန်ဖွားဖြစ်နေဆဲမို့ မျက်လုံးတွေကို လက်နဲ့ပွတ်သပ်ပြီး ကားထဲလူစေ့ မျက်နှာများသာ လိုက်ကြည့်နေမိသည်။နောက် မိမိအိပ်ပျော်နေတုန်းတစ်ခုခုများ ဖြစ်သွားလား၊ဖြစ်ခဲ့လားတွေးနေဆဲ ကားထဲရှိတိတ်ဆိတ်မှုကို စတင်ဖြိုခွဲခဲ့သူက ဖူးပွင့်သော်ပင်။
"ဒါနဲ့....စိုင်း MLဆော့သေးလား...."သူမဆီက စိုင်းဆိုတဲ့ အခေါ်ဝေါ်ကြောင့် ထူးပန်ရော စိုင်းရောခန္ဒာကိုယ်ဆတ်ခနဲတောင့်သွားရသည်။ထူးပန် စိုင်းကို လှည့်ကြည့်တော့ စိုင်းက စူပုပ်ပုပ်မျက်နှာဘေးနဲ့ပဲ.......
"မဆော့ဘူး..."
"ထင်ပါတယ် ဒါကြောင့် စိုင်းကို မတွေ့မိပါဘူးလို့ ခါတိုင်းဆို အမြဲတွေ့နေကြ စိုင်းက ဒီရက်ပိုင်း ငြိမ်နေလို့ ဖူးက အံသြနေသေးတာ....."တန်ပြန်စကားမလာသော စိုင်းကြောင့် ကျော်ကြီး ကြားကနေမနေသာတော့ဘဲ.....
"မင်းလဲ Mobile Legend ဆော့တယ်လား...."
"ဆော့တာပေါ့ ဒါနဲ့ ဖူး ယူတို့Squardထဲ အဖွဲ့ဝင်ချင်လို့ရမလား....."
"မရဘူး....လူပြည့်နေပြီ...."စိုင်းရဲ့ပိတ်ပြောလိုက်တဲ့စကားကို သူမက ခပ်လွင်လွင် ရီမောပြီး....
"ဟုတ်လို့လား....စိုင်းတို့Squardက မန်ဘာ ၄ယောက်ပဲ ရှိသေးတာလားလို့ တစ်ယောက်မကထပ်ထည့်လို့ ရသေးတာပဲ...."ထူးပန် ဒီမိန်းကလေးကို အလိုမကျစိတ်က တဖြည်းဖြည်းပိုလာသော်လဲ....သူဘာစကားမှ ဝင်မဆိုမိ။သူ့ကိုလှည့်ကြည့်လာတဲ့ စိုင်းကိုလည်း မသိကျိုးကျွံပဲပြု၍ ရှေ့ကိုသာ အာရုံပြုထားလိုက်သည်။
စိုင်းကတော့ တစ်ချက်ဟက်ခနဲရယ်ကာ....."တို့အဖွဲက Pro တွေချည်းဖွဲ့ထားတာ.....
အာပလာတွေဝင်ချင်တိုင်း ဝင်လို့ရတာမဟုတ်ဘူး....""ဒါတော့ ယူတို့ကို အထင်သေးလွန်းပြီ တို့ကလဲ အချဉ်မဟုတ်ပါဘူးနော် Assassin& Tank & Marksmanဘာလာလာကျွမ်းပါတယ်နော် Funny& Natalia& Brody& Kimmy ကတော့ တို့အားသာချက်ပဲ"ဒါကိုကျော်ကြီးက
YOU ARE READING
မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)
Romance******Zawgyi***** အွန်လိုင်းပေါ်ကအချစ်လေလှိုင်းထဲကအချစ်ကိုအယုံကြည်မရှိသောကောင်လေး၊Actionကား၊သိုင်းကားနဲ့KDramaကားတွေလောက်သာစိတ်ဝင်စားပီး Qဖို့Chatဖို့စိတ်မဝင်စားသော၊အချစ်ကိုအယုံကြည်မရှိသော FAကောင်လေး....... ဆုထူးပန်။ *****Uni****** အွန်လိုင်းပေါ်ကအချစ...