💝34💝

8.9K 604 36
                                    

*****Zawgyi*****
သူတို့ မန်းလေးက ထွက်လာသည့်အချိန်မှာလည်း နောက်ကျသည်ကတစ်ကြောင်း ရာသီဥတုက ပူပူနဲ့ထွက်ခဲ့ရသည့် ခရီးမို့ နည်းနည်းတော့ပင်ပန်းသည်။ဒီကြားထဲ
ဖေဖေက ဦးမောင်ကို အားနာသည်ကတစ်ကြောင်းကြောင့် ခရီးတစ်လျှောက်နားနားပြီးမှသာ ဆက်ဖြစ်ခဲ့ကြသည်။

ဒါကြောင့်....ရာက်သင့်သည့်အချိန်ထက် အတော်လေး ကွာခြားပြီး ပြန်ရောက်သည်။အမောင်စိုင်းတို့ကတော့ ခရီးနားသည့်တစ်လျှောက် ရသည့်အချိန်ခနလေးကို ထူးပန်ဆီဖုန်းဆက်ကာ အကဲပိုသည်။ကျော်ကြီးကတော့ အစားသမားမို့ အစားကိုအဓိကထားကာ တစ်ခါနှစ်ခါလောက်သာ စန္ဒီ့ဆီ ဖုန်းဆက်ဖြစ်သည်။ဟိုလဒလေးကတော့ အလယ်ကနေပြီးတစ်လမ်းလုံးသူ့ပေါ်တစ်လှည့် သူ့မေပေါ်တစ်လှည့် အိပ်လိုက်လာပြီး နားတဲ့ချိန်ကြသူ့ဘဲကြီးနဲ့ ဖုန်းပြောသည်။

တစ်လမ်းလုံး သူလောက်ဇိမ်ကျတဲ့သူမရှိ။ခုလဲ ကြည့် အမေရင်ခွင်ထဲ ခေါင်းတိုးဝင်ပြီး အိပ်နေတာများ
သူ့ကိုသူ ၁၈နှစ်နဲ့ ၈နှစ်သားများ မှားနေလေရော့သလား
မသိပါ......။သကောင့်သားလေးက တီနန်းရင်ခွင်ထဲဇိမ်ကျနေရုံသာမက........ သူ့ပေါင်ပေါ်ပါ ခြေထောက်တွေတင်ထားတာမို့
တီနန်းကတော့ အားနာစကား ခနခနပြောပါသည်။

သို့ပေမဲ့ ကျော်ကြီးအတွက်ကတော့...... ဒီလောက်ကမပြောပလောက်ပါ........ ။
ငယ်ငယ်ကတည်းက ဒီထက်တောင် ဒင်း အနိုင်ကျင့်သမျှ
ခံလာခဲ့ရတာပဲဟာ...။ကျော်ကြီးက တစ်ဦးထဲသော
သားမို့ အပေါင်းသင်းသိပ်မက်ပြီး ခင်တွယ်သည်။
ငယ်ငယ်တုန်းကတော့ သူရဲ့ ဝဝဖိုင်ဖိုင့်
ကိုယ်လုံးလေးက

"ဟယ်...ချစ်စရာလေးနော် ကလေးလေးက
ဝဝတုတ်တုတ်လေး ချစ်ဖို့ကောင်းချက်.."ဆိုခဲ့ကြသော်လဲ တဖြည်းဖြည်း အရွယ်ရောက်လာပြီးနောက်
၅/၆ တန်းအရွယ်ရောက်လာချိန်မှာတော့
ရွယ်တူ အပေါင်းအဖော်များက ဝက်ကြီး၊ဝက်နာ
စသည်ဖြင့် အလှောင်ပြောင်ခံ ဘဝရောက်ခဲ့ရသည်။

သူ့ကို ထိုသို့သော သူများကြားမှ အမြဲကာကွယ်ရပ်တည်
ပေးခဲ့တဲ့ တစ်ဦးတည်းသောသူက ငစိုင်းတစ်ယောက်သာ......။
ငစိုင်းက သူသာ ကျွန်တော့်ကို ခေါ်ချင်သလိုခေါ်
ပြောချင်သလိုပြောမယ် တခြားသူတွေကတော့
ပြောဖို့လေတောင်မဟစေရ.....။

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now