💝8💝

18.4K 1.4K 43
                                    

*****Zaw&Uni*****

*****Zawgyi*****

စိုင်း
မေမေနဲ့ တီလေးတို့ ဧည့်ခန်းထဲ စကားလက်ဆုံကျနေစဉ် တီလေးစီစဉ်ပေးထားသော သူ့အတွက်ဆိုသည့် ဒုတိယ ထပ်ရှိ အခန်းဆီ တက်လာလိုက်လာသည်။ပြီး ပစ္စည်းများကို အစီစဉ်တကျ နေရာချနေစဉ် မေမေနဲ့ တီလေးရောက်လာရာ.....

မေမေက......

"သား..... မနက်ဖြန်ပဲ အဆောင်သွားမှာကို
ပစ္စည်းတွေ ဘာလို့ ထုတ်နေတာလဲ ပြီး ပြန်ထည့်ရအောင် အလုပ်ရှုပ်အောင် သားရယ်....."

"မမရေ.....သားငယ်က ဒီမှာပဲ နေတော့မယ်တဲ့....
ငယ်လေးကလည်း ငြိမ်းအိမ်ထောင်ကျသွားကတည်းက တစ်ယောက်ထဲဖြစ် တစ်ယောက်ထဲနေလာရတာ ခုတော့ သားငယ်လေးက လာနေတော့ ငယ့်မှာ အားတွေကို ရှိလို့"
တီလေးစကားကြောင့် မေမေကအံသြသွားပြီးမှ.......

"မမကတော့ အတိုင်းထက်လွန်ပေါ့ငယ်ရယ် တကယ်ဆို ငယ်တစ်ယောက်ထဲ ဖြစ်နေတာကိုလည်းစိတ်မချလို့ သားကို ဒီမှာနေဖို့ပြောခဲ့သေးတာ ငယ့်တူက အဆောင်ပဲနေမယ်ချည်းလုပ်နေလို့ မမက လက်လျှော့ခဲ့ရတာ ခုတော့ကြည့်စမ်း....ငယ် ဘယ်လိုများစည်းရုံးလိုက်တာလဲ....."

"အယ်.....ငယ် ဘာမှကို မစည်းရုံးရပါဘူးတော်
သားငယ်က သူ့တီလေးကို တစ်ယောက်ထဲနေရတာမြင်ရတော့ စိတ်မကောင်းဖြစ်မိလို့နေမယ်....ဟုတ်လား သားငယ်....."

မေမေနဲ့ တီလေးက သူတို့ဘာသာမေး သူတို့ဘာသာဖြေနေတဲ့ စကားဝိုင်းထဲ သူဘာမှ ဝင်မပြောဘဲ ပစ္စည်းများနေရာချပြီးသည်နှင့်.......

"မေမေ.... တီလေး
သားနားချင်ပြီ"

"အေးပါသားရယ်.....နား....နား
ဒါဆို မေမေတို့သွားပြီနော်"မေမေနဲ့ တီလေး ထွက်သွားတော့ သူ ကျော်ကြီးဆီ ဖုန်းခေါ်လိုက်သည်။နောက် ဒင်းကို တိုက်ဆိုင်လွန်းလှသည့်ကံကြမ္မာ အကြောင်းပြောပြလိုက်တော့ ကျော်ကြီးကလည်း အံသြကာ မယုံနိုင်ဖြစ်နေသည်။နောက် သူကျော်ကြီးဆီမှ
Sandi ph noကို တောင်းယူကာ......

📲📲📲📲📲

"ဟဲလို....."

"ဟဲလို.....မစန္ဒီ ကျွန်တော် စိုင်းဟိန်းထက်ပါ...."

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now