💝26💝

10.6K 766 58
                                    

******Zawgyi*******

နောက်တစ်နေ့ နံနက် ထူးပန် စိုင်းဆီထွက်လာရင်း အိမ်ထဲအဝင်မှာပင် ဧည့်ခန်းထဲရှိ မြင်ကွင်းက သူ့ကို အံ့အားသင့်စေသည်။အကြောင်းက ဖူးပွင့်သော်နဲ့ သူမ၏ အကိုဆိုသူ သူတို့ကားကိုတား၍ အကူညီတောင်းခံခဲ့သူနဲ့ သူတို့နဲ့ ရုပ်ချင်းဆင်သော သူတို့မိခင် ဖြစ်ဟန်တူသော အန်တီတစ်ယောက်ကို မြင်လိုက်ရ၍ ဖြစ်သည် ။တီနန်းနဲ့ သူတို့က ရယ်မောရင်းစကားဆိုနေပြီး စိုင်းကတော့ စူပုပ်၍ ထိုင်နေသည်။ထူးပန် ဝင်ပေါက်မှာတင် ကြောင်ရပ်နေမိစဉ် စိုင်းက ဦးစွာ သူ့ကိုမြင်ခဲ့ပြီး သူ့ဆီအမြန်လှမ်းလာလေသည်။

"ကိုကို....လာလေ...အဲ့မှာ ဘာရပ်လုပ်နေတာလဲ...လာ......"ဆိုပြီး သူ့လက်ကိုဆုပ်ကိုင် ဆွဲခေါ်လေရာ သူ အသာ ရုန်းမိတော့ စိုင်းက ပို၍ပင် တင်းနေအောင် ဆုပ်ကိုင်ထားသည်။သူ စိုင်းကို ကြည့်မိတော့ စိုင်းက ဘာကိုမှ ဂရုမစိုက်ဟန်.....။ဖူးပွင့်သော်ကတော့ သူ့ကို ပြုံးပြနှုတ်ဆတ်ပြီး.....

"ကိုထူးပန်.....စိုင်းဆီလာလည်တာလား....."သူမအမေးကို သူအသာ ခေါင်းညိမ့်၍ ပင်တုန့်ပြန်လိုက်သည်။ဒါကို စိုင်းက.....

"ကိုကိုက ဒီနေ့ ကျွန်တော် ကိုကို့ဆီမလာသေးလို့
စိုင်းကို လွမ်းလို့ လိုက်လာတာ ဟုတ်...."ဆိုပြီး ပြောရာ....ထူးပန်လူကြီးတွေကြားမှာမို့ အနည်းငယ် အနေခက်သွားမိသည်။သို့သော်.....တီနန်းဆီမှ......

"အယ် သမီးဖူးက သား ထူးပန်နဲ့လည်း သိတယ်လား..."

"ဟုတ်....တီငယ်....ဖူး ဟိုနေ့က ပြင်ဦးလွင်က အပြန် စိုင်းတို့နဲ့ဆုံပြီး သူတို့ကားနဲ့ပဲ ပြန်လိုက်ခဲ့တာလေ ဖူးတို့ကားက လမ်းမှာ ပျက်နေတော့....အဲဒါနဲ့ ခင်သွားကြတာ....."

*တီငယ်....တီငယ်တဲ့လား....သူမက တီနန်းကို စိုင်းခေါ်သလိုပင် တီငယ်လို့ ခေါ်သည်လား.....ထူးပန်ကသာ ဟိုးအရင်ထဲက တီနန်းလို့ ခေါ်ခဲ့သည်မို့ နှုတ်ကျိုးနေခဲ့ကာ....ရင်ထဲဘာရယ်မဟုတ် အတွေးများက ဝင်လာသေးသည်*

"အော် အဲလိုလား ကောင်းတာပေါ့ကွယ် မောင်နှမတွေ တီငယ်က မိတ်ဆတ်ပေးနေစရာ မလိုတော့တာပေါ့..... "ထိုစဉ် ထူးပန်ထိုင်သည့် ဆိုဖာမှာပင် အတင်းဝင်ထိုင်ပြီး....ပူးကပ်နေသည့် သူနဲ့စိုင်းကို စူးစမ်းဟန် ကြည့်လာသည့် အန်တီချောချောကို တီနန်းက...

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now