*****Zawgyi*****
ထူးပန်
နေမကောင်းသည့်ကြားမှ တစ်ညလုံးငိုလိုက်ရသည်ကြောင့် ရော ၊စိတ်ခံစားချက်လွန်ကျူးကာအားနည်းနေသည်ကြောင့်ရော နှလုံးရောဂါမရှိသော်ငြား Heart Attackဖြစ်ကာ မေ့မျောသွားတော့သည်။ကံကြမ္မာက ရက်စက်သော်ငြား သူ့ဘက်မှာတော့ ရှိနေသေးပုံပင် အဘယ်ကြောင့်ဆိုသော်.......။3:00Am
ဒေါ်ဆုမာလာဝေ
ထိုင်နေရင်းမှနေ သားအတွက်စိုးရိမ်သည့်စိတ်ကပူပန်လွန်းရသည်မို့ အပေါ်ပြန်တက်ကာ သားအခန်းကို ဝင်ကြည့်မိသည်။ထိုစဉ် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူမပါ သွေးများဆောင့်တက်ကာ မူးမေ့လဲမတတ်ဖြစ်ရသည်။သို့သော် သားဇောကြောင့် အောက်ထပ်မှ ဒေါ်တူးကို အော်ခေါ် နှိုးရင်း.......Luggage ဘေးပုံလဲကျနေသည့်သား။တစ်ကိုယ်လုံးချစ်ချစ်တောက်ပူကာ မေ့မြောနေသောသားကို ပြေးပွေ့ရသည်။နောက် ဒေါ်တူးလည်း တက်လာရာ သူမမေးသမျှကို ပြန်မဖြေနိုင်အား နှစ်ယောက်သား သားကိုယ်ကို မနိုင့်တနိုင့် တွဲကာ ဆေးရုံပို့ဖို့ပြင်ရသည်။ဆေးရုံရောက်ပြီးနောက် သားအခြေနေစိတ်ချရကာ တည်ငြိမ်ပြီဆိုကာမှ ဒေါ်တူးကို အိမ်သို့ပြန်စေပြီး လိုအပ်သည်များပြင်ဆင်ခိုင်းရသည်။
Drနန်းဝေဝေလွင်
သူမဂျူတီ Off ချိန်ရောက်တော့မည်မို့ ပြန်ရန်ပြင်ဆင်ရင်း မထင်မှတ်ပဲ ဒေါ်တူးကို တွေ့လိုက်ရသည်ကြောင့်......."ဒေါ်တူး....ဒေါ်တူး...."
"ဟင်!
ဪ ဒေါက်တာ....ပါလား""ဟုတ်ကဲ့......ဒေါ်တူးတစ်ယောက်ထဲလား
ဘယ်သူဘာဖြစ်လို့လဲ......"သူမမေးခါမှ မျက်ရည်ကြီးဝိုင်းကာ အင့်ခနဲတစ်ချက်ရှိုက်ရင်း......ပြောလာသည်။"သားထူးပန်လေးပေါ့ ဒေါက်တာရယ်
အပြင်းဖျားပြီး မေ့မြောသွားလို့ အဲဒါ မနက်မှ မဆုကတွေ့ပြီး ဆေးရုံပြေးလာကြရတာ
အရောက်မြန်ပေလို့ပေါ့ ဒေါက်တာရယ် မဟုတ်ရင်
ကျွန်မဖြင့် တွေးတောင်မတွေးရဲတော့ပါဘူးရှင်.....""ဟင်!
အဲလောင်ထိတောင်လား
ဘယ်လိုဖြစ်ရတာလဲ....ဒေါ်တူးရယ်
ခု ဘယ်အခန်းမှာလဲ ကျွန်မ သွားကြည့်လိုက်ပါ့မယ်"
YOU ARE READING
မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)
Romance******Zawgyi***** အွန်လိုင်းပေါ်ကအချစ်လေလှိုင်းထဲကအချစ်ကိုအယုံကြည်မရှိသောကောင်လေး၊Actionကား၊သိုင်းကားနဲ့KDramaကားတွေလောက်သာစိတ်ဝင်စားပီး Qဖို့Chatဖို့စိတ်မဝင်စားသော၊အချစ်ကိုအယုံကြည်မရှိသော FAကောင်လေး....... ဆုထူးပန်။ *****Uni****** အွန်လိုင်းပေါ်ကအချစ...