******Zawgyi*******
စိုင်းပလပ်ဖောင်းထက် ဦးတည့်ရာလျှောက်နေမိပြီးမျက်လုံးထဲဝင်လာသော အအေးဘူးခွံ တစ်ခွံကို စိတ်ပေါက်ပေါက်နဲ့ ပစ်ကန်ပစ်လိုက်သည်။ထိုအခိုက် သူ့နံဘေးနားထိုးရပ်လာသော ဆိုင်ကယ်နှစ်စီး လူ သုံးယောက်။သူ ပေစောင်းစောင်းလှည့်ကြည့်လိုက်တော့ ထိုငနဲလေးများက
ဖေ့စ်မက်များဆိုင်ကယ်ဦးထုပ်များချွတ်လိုက်ခါမှ အောင်ကြီးတို့တစ်သိုက်ဖြစ်နေသည်။အောင်ကြီးက ဆိုင်ကယ်ပေါ်မှ ဆင်းလာပြီး......."ဟျောင့် တစ်ယောက်ထဲလားဟ
ဘယ်ကလှိမ့်လာတာလဲ ဟိုကောင်ကျော်ကြီးရော ခုနက ငါဖုန်းခေါ်တော့.... မင်းမအားဘူးဆို......""ဒီလိုပါပဲကွာ.....
မင်းတို့ကရော ဘယ်ကလှိမ့်လာတာလဲ.....""ငါတို့လား.......
မြို့သစ်ဘက်လှိမ့်မလို့
ဟဲဟဲ......ဒီကောင် ငဖြိုးသူ့စော်နဲ့ ခနသွားတွေ့ပြီး
ငါတို့တစ်ဝိုင်းပြုမယ်ပြောလို့လေ
မင်းတို့ခေါ်တော့ ဟိုလဒက မင်းမအားဘူးပြောတာလေ""မင်းတို့ကလည်း ငါ့ဆီဆက်တော့
မင်းတို့လက်တွေ နူသွားမှာ မလို့လား
တစ်ခုခုဆို ဟိုလဒဆီပဲ ဆက်နေလိုက်ကြ""ဟ.....မင်းဖုန်းက ငါတို့ဆက်တိုင်း
အားတယ်မှမရှိတာ......အဲတော့ ဟိုကောင်ကျော်ကြီးဆီပဲ ဆက်တာ အကျင့်ကပါနေပြီ.....
မင်းတို့နှစ်ကောင်က အီကြာကွေး မဟုတ်ဘူးလား...."သူနဲ့ အောင်ကြီး အချေတင်ဖြစ်နေတာကို.....ငဖြိုးက
ကြားဖြတ်၍......"ကဲပါကွာ ထားလိုက်ပါတော့ မင်းတို့ကလည်း
ငစိုင်း......မင်းအခုအားပြီးမလား
ငါတို့နဲ့လိုက်ခဲ့မှာလား......""မင်းက စော်နဲ့သွားတွေ့အုန်းမှာဆို...."
"အေးလေ....."
"ကြာမှာမလား......မလိုက်တော့ဘူး.......
မင်းတို့ပြီးမှ ဖုန်းဆက်လိုက်....""အာ.....,,မင်းကလဲ မကြာပါဘူးဟ
ခနတွေ့ရုံပါ အလွန်ဆုံး ၁၀ မိနစ်လောက်ပဲ
လိုက်ခဲ့စမ်းပါ....တစ်ခါထဲ.....""ပီးရောကွာ.....ဒါဆိုလဲ ဒိုးမယ်...."
"အေး.....ဒါနဲ့ မင်းစီးတော်ယဉ်က ဘယ်မှာတုန်း....."
ŞİMDİ OKUDUĞUN
မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)
Romantizm******Zawgyi***** အွန်လိုင်းပေါ်ကအချစ်လေလှိုင်းထဲကအချစ်ကိုအယုံကြည်မရှိသောကောင်လေး၊Actionကား၊သိုင်းကားနဲ့KDramaကားတွေလောက်သာစိတ်ဝင်စားပီး Qဖို့Chatဖို့စိတ်မဝင်စားသော၊အချစ်ကိုအယုံကြည်မရှိသော FAကောင်လေး....... ဆုထူးပန်။ *****Uni****** အွန်လိုင်းပေါ်ကအချစ...