💝41💝

9.4K 678 96
                                    

*****Zawgyi******

စိုင်း

အိမ်ထဲကို မေမေ့နောက်မှ ကွယ်ကာ လိုက်ဝင်ရင်း
ဧည့်ခန်းအလယ်ထိုင်နေသော ဖခင်ကို မဝံ့မရဲ လှမ်းကြည့်ကာ ခေါင်းငုံ့နေတော့ ဖေဖေက သူ့ကို တစ်ချက်သာ ကြည့်၍ ဖတ်လက်စ သီတင်းစာကို ကိုင်ကာ အခန်းထဲဝင်သွားသည်။စိုင်းရုတ်တရတ် အံသြသွားသည်။

တကယ်ဆို ခါတိုင်း ဒီခြေနေမျိုးဆို ဖေဖေက သူ့ကို ဆူပူကြိမ်းမောင်းတတ်သည်လေ။
ခု မည်သည့်စကားမှ မဆိုပဲ အခန်းထဲဝင်သွားသည်မို့ ဒီလိုဆိုပြန်တော့လဲ.....အဆူမခံရခြင်းအတွက် စိတ်သက်သာရာရသလိုနဲ့စိတ်ထဲ မသက်မသာလဲ ခံစားရပြန်သည်။မေမေက......

"သွား......အဝတ်စားတွေသွားလှယ်ချေ
ခနနေ ညစာစားမယ် ပြန်ဆင်းခဲ့.....
ရေမချိုးနဲ့နော်.....သား....."

"ဟုတ်....."ဆိုကာ သူအခန်းဆီတက်လာရင်း.....
အိပ်ကပ်ထဲက ဖုန်းကို ထုတ်၍ ချစ်ရသူကြီးဆီ
ဖုန်းခေါ်ရန်ကြံတော့.....Screen ပေါ်မှ
SMS Notiများကြောင့် သူခုနက ဖေဖေအဆူခံရစိုးမိသည်ထက်ပင် ခေါင်းနဘမ်းကြီးသွားရသည်။

သူစာများတစ်ခုချင်းစီ ဖတ်ကာကြည့်တော့
ဒီလောက်ဆို ကိုကို့ဘက်မှာ ဘယ်လောက်တောင် မုန်တိုင်းထန်နေမည်လဲ ဆိုတာ သူတွေးဆမိချေပြီ။

ဘယ်နှယ့်များလုပ်ရပါ့......။
ကိုကို့ အမျက်တော်ပြေစေရန် အဘယ်အကြောင်းကိုပြ၍ ချော့ရပါ့.....။

"ယား......လုပ်ကြပါအုန်း....ကယ်ကြပါအုန်း.......
အရပ်ကတို့ရေ......ကိုကိုစိတ်ဆိုးပြေအောင်
ကျွန်တော့ကို ကူချော့ပေးကြပါအုန်းနော်....."

Cupid နှင့်တစ်ကွ အချစ်နတ်ဘုရားတို့ရေ
ကိုကို့ကို အမျက်တော်ပြေစေရန်
ဝိုင်းကူ ချော့မြူပေးကြပါအုန်းဘုရား.........
ဟောဒီက အပစ်သားကို သနားသော အားဖြင့်
ကိုကို့ကို စိတ်ပြေအောင် ကူချော့ပေးကြပါလို့သာ
တောင်းဆုခြွေရင်း......ချစ်ရသူထံဖုန်းခေါ်လိုက်တော့သည်။

ထူးပန်တစ်ယောက်
တစ်နေကုန် စိတ်တိုဒေါသများထွက်နေရသည်မှာ
သွေးတွေတိုးကာ ခု ခေါင်းတွေပင်နောက်လာရပြီမို့ စိတ်ရောလူရော အနားယူပစ်လိုက်ချင်ပြီဖြစ်သည်။သို့သော်
ဟို အမူးသမား ကောင်ဆိုးလေးဆီက ဖုန်းကို စောင့်နေရသည်။

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Donde viven las historias. Descúbrelo ahora