*****Zawgyi*****
ဖူးပွင့်သော်
ကိုအောင်ဇော်ထက်ကို အလှပဆုံးတစ်ချက်ပြုံးပြလိုက်ပြီးး......."ကျေးဇူးပဲနော် အကို.....
အကို နောက်ဆုံးမှာ ဖူးကိုကူညီဖို့
ရွေးချယ်ပေးခဲ့တဲ့အတွက် အကို့ကျေးဇူးကို ဖူးမမေ့ပါဘူး.....တကယ်ကို အရမ်းကျေးဇူးတင်ပါတယ်......"ဆိုလာတော့ အောင်ကြီး နာနာကျင်ကျင်ပဲ ပြုံးလိုက်မိပါသည်။"အချစ်က တကယ်ပဲပိုင်ဆိုင်ရဖို့
လိုအပ်လို့လား.....ဖူး...."အဲလိုဆို
သူ့အတွက် အရာရာပေးဆပ်ခဲ့တဲ့ကျွန်တော့်အချစ်ကရော။သူ့အတွက် ....
သူငယ်ချင်းတွေပေါ် သစ္စာဖောက်ခဲ့ရတယ် ။
ခုဆို သူငယ်ချင်းကောင်းတွေကို ဆုံးရှုံးရတော့မယ်။
သူ့မျက်ရည်တွေနဲ့ သူ့စကားလေးတစ်ခွန်းနဲ့တင်
အရာရာကို အဆုံးရှုံးခံခဲ့ပြီး စွန့်လွှတ်ခဲ့ရတဲ့ ကျွန်တော့်အချစ်ကိုရော....သူအချစ်လို့မြင်မပေးနိုင်ဘူးလား....။
ကျွန်တော်ရင်နာစွာ မေးလိုက်ချင်ပေမဲ့နှုတ်ကနေ ထုတ်မေးလိုက်လို့လဲ ထူးလာမှာ မဟုတ်မှန်းသိနေပြီးသား အဖြေကို မမျှော်လင့်ချင်တော့ပါဘူးလေ.....။"အဲဒါတွေ ဖူးမသိဘူး
ဖူးသိတာ ဖူး စိုင်းကို ပိုင်ဆိုင်ရဖို့လိုအပ်တယ်
ပိုင်ဆိုင်မှ ဖြစ်မယ်.....ဖူးဆက်လျှောက်ရမဲ့ အနာဂတ်လမ်းမှာစိုင်းရှိနေဖို့က အရေးကြီးဆုံးပဲ.....ကျန်တာတွေမလိုအပ်ဘူး မလိုဘူး...."အဟက် !မရီရဘူးလားဗျာ.......... ။
သူ့အတွက် အရာရာပေးဆပ်နေတဲ့ကျွန်တော့်အတွက် နှစ်သိမ့်စကားလေး တစ်ခွန်းလောက်တောင်ပေးသနားဖို့ မပြောနဲ့ ။စိုင်းကလွဲရင် ဘာကိုမမြင်နိုင်တော့သူလို
အဲ့မိန်းကလေးကို ကျွန်တော်ဘာကြောင့်များ
ရူးသွပ်ပြီးချစ်နေမိပါလိမ့်။ရူးတယ် ဟုတ်တယ် ကျွန်တော်သူ့ကိုချစ်လို့ ရူးနေသလို၊သူမလဲ ရူးနေတာပဲ ။ဟုတ်တယ် ကျွန်တော်နှစ်ယောက်လုံးက ကိုယ်စီ ကိုယ်စီ အတ္တချစ်တွေနဲ့ ရူးနေကြတာ။ကျွန်တော် ရူးနှမ်းငိုင်တွေနေမိတုန်းမှာပင်......
"ကိုအောင်ဇော်ထက် အကို ကူညီလက်စနဲ့
ကိုကျော်ကြီးကို သူ့အိမ်ပြန်ပို့လိုက်ပါ.....
ဖူးတို့သွားတော့မယ်......"ဆိုကာ စိုင်းကို မနိုင့်တနိုင်
တွဲထူနေတဲ့ သူမကို ဖြစ်နိုင်ရင် ကျွန်တော်လေ ကျွန်တော်.....။
YOU ARE READING
မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)
Romance******Zawgyi***** အွန်လိုင်းပေါ်ကအချစ်လေလှိုင်းထဲကအချစ်ကိုအယုံကြည်မရှိသောကောင်လေး၊Actionကား၊သိုင်းကားနဲ့KDramaကားတွေလောက်သာစိတ်ဝင်စားပီး Qဖို့Chatဖို့စိတ်မဝင်စားသော၊အချစ်ကိုအယုံကြည်မရှိသော FAကောင်လေး....... ဆုထူးပန်။ *****Uni****** အွန်လိုင်းပေါ်ကအချစ...