*****Zawg&Uni*****
*****Zawgyi*****
စိုင်း
သူနဲ့ဆို အမြဲတင်းမာ စူပုပ်နေတတ်သော သူက ခုတော့ ရယ်လို့မောလို့ ပျော်လို့ရွှင်လို့။သူ ခုံတန်းကိုကျစ်ကျစ်ဆုပ်ရင်း ထိုနှစ်ယောက်ကို စူးစိုက်ကြည့်နေမိသည်။သူသာနဂါးဆို ထိုနှစ်ယောက်ပြာကျနေလောက်ပြီ။ထိုအခိုက် ကိုကို့နဖူးထက်က ချွေးများသုပ်ကာ ပါးလေးကို ဆွဲလိမ်လိုက်သော ထိုလူကြောင့် စိုင်း ခြေထောက်နာနေသည်ကိုပင် အမှုမထားနိုင် လူက အလိုလို ထရပ်ပြီးသားဖြစ်နေပြီ။စိုင်း နာနေသော ခြေတစ်ဖက်ကို အံတု၍ သူတို့နား လျှောက်သွားကာ ထူးပန်ကို သူ့ဘက် ဆွဲယူလိုက်ပြီး.........
"ဒါ ဘာဖြစ်နေကြတာလဲ...."တစ်ဖက်က အံသြသွားဟန်ရကာ.....ထူးပန်ကို.....
"ညီ.....သူက ဘယ်သူလဲ....."
"စန္ဒီ့ သူငယ်ချင်း....."
"အော်.....ညီပြောပြောနေတဲ့ကောင်လေး
ဒီဒီ့ သူငယ်ချင်းပေါ့.....""ဟုတ်....ကိုကို့ကို မိတ်ဆက်ပေးရအုန်းမယ် လာ....ကိုကို...."ထူးပန် သူ့လက်ကို ဆွဲကိုင်ထားသော စိုင်းလက်ကို ပစ်ချထားခဲ့ကာ
ထိုလူ့လက်ကို ဆွဲ၍......စန္ဒီ့ ဘက်သို့ ကူးသွားသည်။စိုင်းအံကို တင်းတင်းကြိတ်၍ မျက်ရည်မကျမိအောင် ထိန်းထားမိသည်။
*ကိုကိုတဲ့လား....ကိုကိုရာ.....
ကျွန်တော်က ကိုကို့သူငယ်ချင်း လို့တောင် သတ်မှတ်မခံထိုက်ဘူးလား မစန္ဒီ့သူငယ်ချင်းတဲ့လား အဟွင့် ကျွန်တော်ကလည်း ကိုကို့သူငယ်ချင်း မဖြစ်ချင်ပါဘူး။ကိုကို့ကို ပိုင်ဆိုင်တဲ့သူပဲ ဖြစ်ချင်တာ။ကိုကိုက ပိုင်ရှင်ရှိနေရင်တောင် ကိုကို့ကို ကျွန်တော့်အပိုင်ဖြစ် ရအောင်ယူမှာ။အဲလူလက်ထဲက ကိုကို့ကို ကျွန်တော် ရအောင်ဆွဲထုတ်ပြမယ် ကိုကို့ကို ကျွန်တော့်ကလွဲပြီး...ဘယ်သူမှ မပိုင်ရဘူး ကိုကိုက မောင့်အပိုင်.....*ထူးပန် ကိုကိုနဲ့ စန္ဒီ့ရည်းစား ကျော်ကြီးကို မိတ်ဆက်ပေးရင်း နောက်မှာ ဖြစ်ပျက်ကျန်နေမည့် စိုင်းပုံစံ ကို သူလှည့်မကြည့်ပါဘဲ မြင်ယောင်ကာ ပြုံးလိုက်သည်။
YOU ARE READING
မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)
Romance******Zawgyi***** အွန်လိုင်းပေါ်ကအချစ်လေလှိုင်းထဲကအချစ်ကိုအယုံကြည်မရှိသောကောင်လေး၊Actionကား၊သိုင်းကားနဲ့KDramaကားတွေလောက်သာစိတ်ဝင်စားပီး Qဖို့Chatဖို့စိတ်မဝင်စားသော၊အချစ်ကိုအယုံကြည်မရှိသော FAကောင်လေး....... ဆုထူးပန်။ *****Uni****** အွန်လိုင်းပေါ်ကအချစ...