*****Zaw&Uni******
*****Zawgyi******
ထူးပန်တို့လေးယောက်မှာတော့ ဦးလုကြီး ဆိုင်မှာ ဝက်သားတုတ်ထိုး သူ့ထက်ငါ ဦးအောင် လုစားပြီးသကာလ
ကျော်ကြီးက......"ငါတို့ နောက်အပါတ်ဆို ကျောင်းတွေပြန်ဖွင့်ပြီ.....
အဲဒါ ဒီ Sunday ငါတို့ပြင်ဦးလွင် တက်ကျရင် မကောင်းဘူးလား "သူ့စကားကို ကျန်သုံးယောက်က "ကောင်းသားပဲ...."ဟု တစ်ညီတညွတ်ထဲ ထောက်ခံကြသည်။နောက် စိုင်း...က"အိုကေ....ဒါဆို.....ငါတို့ဘယ်တွေသွားကြမလဲ....
ဘယ်ချိန်သွားကြမှာလဲ ""အချိန်ကတော့ မနက်အစောသွားကြမယ်လေ
အရင်ဆုံး ဘုရားသွားမယ် ပြီး ကန်တော်ကြီး၊နောက် December Garden သွားမယ်၊အချိန်ရရင် ပွဲကောက်လည်းဝင်တာပေါ့ ဟုတ်ဘူးလား"ကျော်ကြီး အစီစဉ်ကို သူတို့အားလုံးသဘောတူလက်ခံလိုက်ကြပြီး ထူးပန်က သူ့ကားကို မနက်ဖြန်ဝပ်ရှော့မှာ သွားစစ်ပြီး သူ့ကားယူခဲ့ဖို့နဲ့ မောင်းဖို့အတွက်က ကျော်ကြီးနဲ့ တစ်လှည့်စီ တာဝန်ယူလိုက်သည်။စန္ဒီက အစားသောက်အစီစဉ်အတွက်တာဝန်ယူသည်။ဘာတာဝန်မှမယူ၊မရှိဘဲ အခန့်သားလိုက်ပါမည့်သူကတော့ မောင်စိုင်းဟိန်းထက် ပေါ့ဗျာ ။"ကိုကို.....မနက်ဖြန် ကားသွားစစ်ရင် မောင် မလိုက်ပေးတော့ဘူးနော် "
"အင်း....လိုက်လာရင်လည်း မင်းပျင်းနေမှာ..."
"ဟီး......ကိုကိုက သိပ်ချစ်ဖို့ကောင်းတာပဲ..."ပြောရင်း စားသောက်ထားပြီး ဆီပေနေတဲ့ ပါးစပ်နဲ့ လာနမ်းမယ်လုပ်နေတာကြောင့် သူအမြန်ရှောင်လိုက်ရသည်။
"ဟေ့....ဟေ့......ဒါလူမြင်ကွင်းနော်..."သူသတိပေးတော့.....ကျော်ကြီးကပါ......
"အေးလေ....$ရှက်က တစ်စက်မှမရှိဘူး...
လူရှေ့မရှောင်သူရှေ့မရှောင် ယိုသူမရှက် မြင်သူရှက်တယ်...."ဆိုကာ ပြောလာသော ကျော်ကြီးကို....."ကြိုက်မရှက် ငိုက်မရှက်ဆိုတာ မကြားဖူးဘူးလား မင်းအတွက်က ငတ်မရှက်ပြောင်းပေးရမယ် မင်းက ငတ်ပြီဆို $ရှက်ကတစ်စက်မှ မရှိတော့ဘူးလေ "
"ကဲပါ.....တော်ကြပါတော့
ငါလေ နင်တို့နှစ်ယောက် ဘယ်လိုလုပ် ဒီအချိန်ထိ တွဲဖြစ်နေကြလဲ စဉ်းစားကိုမရဘူး ဒီလောက်တွေ့တာနဲ့ ကိုက်နေကြတာကို"
YOU ARE READING
မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)
Romance******Zawgyi***** အွန်လိုင်းပေါ်ကအချစ်လေလှိုင်းထဲကအချစ်ကိုအယုံကြည်မရှိသောကောင်လေး၊Actionကား၊သိုင်းကားနဲ့KDramaကားတွေလောက်သာစိတ်ဝင်စားပီး Qဖို့Chatဖို့စိတ်မဝင်စားသော၊အချစ်ကိုအယုံကြည်မရှိသော FAကောင်လေး....... ဆုထူးပန်။ *****Uni****** အွန်လိုင်းပေါ်ကအချစ...