💝54💝

9.9K 673 78
                                    

*****Zawgyi********
ထမင်းစားပြီးတော့ နှစ်ယောက်သားဘာလုပ်ရမှန်းမသိ ဧည့်ခန်းထဲမှာ သာထိုင်ပြီး အစက စိုင်းက ထူးပန်ရင်ခွင်ထဲမှီပြီး TV ကြည့်နေတာဖြစ်သည်။ နောက်ပိုင်း နေ့လည်လည်းရောက်လာပြီးအပြင်မှာ ပူပြင်းလွန်းနေတဲ့ နွေရာသီရဲ့ အရှိန်၊နေမင်းကြီးရဲ့ပါဝါကသင်္ကြန်နားနီးမှ ပိုလို့ပင်တိုးကာကောင်းလွန်း သပ ဟိုဘက်တောင်လွန်နေလေသည်။ဒီတော့ လူချင်းပူးကပ်ထိုင်နေတာက ကြာလာသည့်အခါအဆင်မပြေတော့။ပို၍ ပူအိုက်ကာ မနေနိုင်တော့တာမို့ ကိုယ်ချင်းခွာ လိုက်ရပြီး

"ကိုကို...."

"ဟင်..."

"အရမ်းပူတာပဲကွာ
ဒီမှာက အိုက်တယ် နောက်ဖေး ပန်းခြံမှာ
သွားနေရအောင်...."

"အွင်!
ဘာထူးမှာလဲ...အပြင်မှာ ပိုတောင်ပူအုန်းမယ်"

"ဒီမှာနဲ့စာရင် အဲက သက်သာအုန်းမှာ
သွားရအောင်နော်....မောင်ဒီမှာ မနေနိုင်တော့ဘူး"မျက်နှာလေး ရှုံ့မဲ့ကာ တကယ်ကို ပူအိုက်နေပုံကြောင့်......ထူးပန် TV စင်ပေါ်မှ ယပ်တောင်လေးကိုယူပြီး သူ့အလိုကျ ခြံထဲဆင်းကာ လိုက်ခဲ့ရသည်။

ဒင်းလေးကတော့ သူခုံတန်းရှည်လေးပေါ် ဝင်ထိုင်ကာ ရှိသေး ပေါင်ပေါ် ခေါင်းတင်ကာ မျက်လုံးလေးမှိတ်အိပ်ရန်ပြင်လေသည်။

"မောင်....အိပ်ချင်နေ အခန်းထဲသွားအိပ်လေ"

"ဟင့်အင် ဒီမှာပဲ နေချင်တာ"

"ဘာလို့...."

"လွမ်းလို့...."

"ဟင်! ဘာကို...."

"မောင် တောင်ကြီးမှာတုန်းက
ကိုကိုနဲ့ ဒီမှာ စာအတူဖတ် ၊ဂိမ်းအတူဆော့
ကိုကို့ရင်ခွင်ထဲမှီ၊ကိုကို့ပေါင်ပေါ် ခုလို အိပ်နေခဲ့ရတဲ့
အချိန်လေးတွေကို ဘယ်လောက်လွမ်းခဲ့ရလဲ....ကိုကိုသိလား....." ဆိုတော့ သူပြုံးမိရကာ....

ချန်ခဲ့တဲ့သူထက် ကျန်ခဲ့ရတဲ့သူက ပိုလွမ်းရတတ်တာ သူမသိလေရောလား။ကျန်ခဲ့ရသူအတွက်က သူနဲ့အတူရှိခဲ့နေခဲ့တဲ့နေရာတိုင်းအရာတိုင်းအချိန်တိုင်းက သူ့ပုံရိပ်တွေမြင်ယောင်ပြီးလွမ်းစရာတွေချည်းဖြစ်နေခဲ့တာကိုလေ.......။

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Hikayelerin yaşadığı yer. Şimdi keşfedin