💝49💝

10.9K 806 178
                                    

*******Zawgyi*****
စိုင်းညကလည်း အလွမ်းတွေ၊အတွေးတွေ၊မခံမရပ်နိုင်ရခြင်းတွေနဲ့ တစ်ညလုံးအိပ်မပျော်နိုင်ခဲ့ပါ။ဒီလိုနဲ့ မနက်ရောင်နီပင်သမ်းလာချေပြီမို့ နောက်ကျိနေသမျှရေစိမ်ချိုးခြင်းဖြင့်သာ ဖြေဖျောက်ရင်း အောက်ထပ်ဆင်းလာလိုက်သည်။သူ အောက်ရောက်တော့ မမျှော်လင့်ပဲ တီလေးကို တွေ့ရတာကြောင့် အံသြမိကာ တီလေးဆီပြေးသွားမိသည်။

"တီလေး....ဘယ်လိုလုပ်ရောက်လာတာလဲ
မေမေခေါ်လိုက်တာလား...."

"မဟုတ်ပါဘူး တီလေးက သားကိုစိတ်ပူလို့......."
ဆိုတော့ ညိုးငယ်သွားတဲ့မျက်နှာလေးမှာ ဟန်ဆောင်ပြုံးရင်း....

"သား...ဘာမှမဖြစ်ပါဘူးတီလေးရယ်..."

"အင်း....တော်သေးတာပေါ့
သားငယ်က ထင်တာထက်ပိုကြံ့ခိုင်နေလို့သာ...."

"ကဲ....ဒီတူရီး စကားပြောတာလဲ ပြောကြ
ဟိုဘက်ကို ၉နာရီအရောက်သွားကြမယ်နော်...."ဆိုကာမေမေ ရှောင်ထွက်သွားကာမှ သူတီလေးကို ခြံထဲဆွဲခေါ်လာရင်း.....ဒန်းစင်ပေါ်အတူထိုင်လိုက်သည်။

"တီလေး....ကိုကိုနဲ့တွေ့ခဲ့သေးလားဟင်
ကိုကို က ဆေးရုံမှာတဲ့....တီလေးတွေ့ဖြစ်ခဲ့သေးလားဟင်
ကိုကို....ကိုကို အရမ်းနေမကောင်းဖြစ်နေတာလား"

"သား ဘယ်လိုလုပ်သိလဲ...."

"မစန္ဒီပြောပြတာ ဒီကအဖြစ်မှန်လည်းသူသိတယ်
အခုဆို ကိုကိုလည်းသိမှာပဲ....."

"ဒါပေမဲ့ သားကဖူးကိုလက်ခံလိုက်ပြီမဟုတ်ဘူးလား"

"ဒါက....ဒီလိုပဲဖြစ်သွားတာ...
တီလေး....တီလေး...သားကိုတစ်ခုလောက်ကူညီပါ"

"ဘာကိုလဲ...သား"

"သား...ကိုကိုနဲ့တွေ့ချင်တယ်...."

"ဒါ....."

"သား....ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုပဲဖြစ်ခဲ့ပြီမို့
သားအမှားအတွက် ကိုကို့ကို တောင်းပန်သင့်တယ်မလား...ဟင်...တီလေး.....အနည်းဆုံးတော့ ကိုကို့ကို ကိုယ်တိုင်တောင်းပန်ချင်တယ် တီလေးကူညီပေးပါနော်....မေမေက သားကိုဖုန်းလည်းပေးမကိုင်ဘူး မန်းလေးကို ပေးပြန်ဖို့ကပိုတောင်မဖြစ်နိုင်တာမို့
တီလေးကူညီမှဖြစ်မှာ သား ဖေဖေ့ကိုလည်း ခွင့်တောင်းပြီးပြီ ဖေဖေကလည်း Okတယ် မမလည်း လိုက်ပေးမှာ မေမေခွင့်ပြုဖို့ပဲ လိုတာမို့...နော်...တီလေး နော်...."

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now