💝39💝

8.4K 598 50
                                    

*******Zawgyi******

ကျော်ကြီးတို့တစ်စုမှာ ငါးဦးသား စားလိုက်သောက်လိုက် တစ်မျိုးပြီးတစ်မျိုး ထပ်မှာလိုက် တစ်လုံးပြီးတစ်လုံးထပ်မှာလိုက် သောက်လိုက် လုပ်နေခဲ့ကြသည်။ရှေးဟောင်းနှောင်းဖြစ်နဲ့ ငယ်ကျိုးငယ်နာ များဖော်ကျရင်း ပြောကျရင်းနဲ့ ထိုအခန်းလေးဝယ် ညံစီနေပြီး.....လူတွေလည်း အတော်လေးပင် ရီဝေဝေ ဖြစ်လာခဲ့ချေပြီ ။နောက် ကျော်ကြီး သူသိချင်မိသည်ကို ထုတ်မေးလိုက်ပါသည်။

"ဒါနဲ့ မင်းတို့က ဘယ်လိုသိတာလဲ
ဘယ်လိုကြားတာလဲ......"သူ့အမေးကို လွင်မင်းညိုက

"အာ......ဒီက အောင်ကြီးဆီက ကြားတာ
သူပြောတုန်းက ငါတို့မှာ ဟားလိုက်ရတာ
အူတွေတောင်နာလို့...."ကျော်ကြီး အောင်ကြီးကို
ကြည့်မိတော့...... အောင်ကြီးက..... လည်ပင်းကို ပွတ်၍......

"ငါ......ငါလဲ ဒီတိုင်းပဲကြားတာ....."ဆိုတော့ ဒါကို
ငဖြိုးက ရုတ်တရတ် တစ်ခုခုကို သတိရသွားဟန်....

"မင်း ဖူးပွင့်သော်...ဆီက ကြားတာမလား
သူလည်း မန်းလေးပြောင်းသွားတာလေ....."

"ဖူးပွင့်သော်!..."ငစိုင်း တီးတိုးရွတ်ဆိုတော့....ဒါကို ငဖြိုးက သူ ဖူးပွင့်သော်ကို မသိဘူးထင်ပြီး....

"အာ.....ငစိုင်း
မင်းကတော့ မသိလောက်ဘူးထင်တယ်
ဖူးပွင့်သော်က ငါတို့ထက် တစ်နှစ်ငယ်တယ်လေ ဂျူနီယာပေါ့ကွာ .........အဲ့ကောင်မလေးကို အောင်ကြီးက ကြွေနေတာကွ ဟိုးအရင်တုန်းကတည်းက ဆိုပဲ .......
မနှစ်က သူ Fresher Welcome တုန်းကတောင်
ဒီကောင် ပန်းစည်းကြီး သွားပေးသေးတယ် "

"ဒါပေမဲ့ ဟိုကအချေလေး သူ့ကို အရေးကိုမလုပ်တာ
နောက်တော့ .....
ဒီကောင်ကြီး ဘယ်လိုစွမ်းလိုက်တယ်မသိ
အဲ့ပထမနှစ်ဘက် ချောင်းပေါက်တော့တာပဲ မင်းက ကျောင်းကို မတက်၁၀ ရက် တက်၁ရက်ဆိုတော့ ဘယ်သိမလဲ"
ဆိုပြီး ရှင်းလေကာမှ......

"သြော....ဪ...."ဟုသာ သူဆိုနိုင်တော့သည်။
နောက် လွင်မင်းညိုက ကျော်ကြီးကို.....

"ကွီးကျော်.....ဝက်ကြီး မင်းကိုလဲ မေးရပါအုန်းမယ်......
Exam ကျရတဲ့အကြောင်းရင်းလေး....ဘယ်လိုဖြစ်ရတာလဲဆိုတာ........ဒီကောင် ငစိုင်းကတော့ ထားတော့
မေးနေစရာကိုမလိုတာ မင်းကကြ အတန်းလဲမှန်ပါရဲ့
စာလဲလိုက်နိုင်ပါရဲ့နဲ့ ဘယ်လိုဖြစ်ရတာတုန်း....."

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now