*****ZawGyi*****(🔞🔞🔞မကြိုက်တဲ့သူတွေ မဖတ်ချင်တဲ့သူတွေက ကျော်သွားပေးနော်......အရေးသားညံ့ဖျင်းခဲ့ရင်လဲ ဖြည့်စွက်နားလည်ပေးစေလို😁💝)
At 7:00Pm
ထူးပန် ညစာစားပြီးခနနေခဲ့ကာ မေမေတို့နဲ့စကားပြောပြီးအပေါ်တက်လာတော့ စိုင်းက ရေချိုးနေသည်ထင်သည်။ထိုအခိုက်တန့်လေးမှာ ထူးပန် အခန်းထဲမှာပင်ဟိုဒီလျှောက်နေမိကာစိုင်းကို သူ
မန်းလေးပြန်ဖို့အရေး ဘယ်လိုစကားစရမလဲ အကြံထုတ်ကာ နေမိသည်။မနေ့ကတစ်နေကုန်လျှောက်လည်၍ဒီနေ့တစ်ရက်နားအပြီးမှာတော့ မေမေက မနက်ဖြန်ပြန်ဖို့ပြောလာသည်။မေမေပြန်ရင် သူပါပြန်လိုက်မှဖြစ်မည်လေ။ဘယ်လိုပဲ တရားဝင်စေ့စပ်ပြီးပါပြီ ဆိုအုန်းတော့ ယောကျာ်းလေးနှစ်ယောက်ပင် ဖြစ်လင့်ကစား သူ့စည်းသူ့ကမ်းဆိုတာရှိသေးသည်။စိုင်းမေမေက သူ့ကိုနေခဲ့ဖို့ပြောသော်လည်း သူ မနေခဲ့ချင်ပါ ။
နောက်ပြီး စိုင်းမေမေကလည်း"အင်း....သားပြန်ရင်
သားငယ်ကလည်း ပြန်လိုက်မှာကအသေချာ
အစကတည်းက ဒီကိုပြန်လိုက်ခဲ့ချင်တာကမဟုတ်ဘူးလေ
ဒီကြားထဲ မေမေက သားငယ်လေးနဲ့အဆင်မပြေတော့ သားငယ်လေးရော မေမေရော အစေးကပ်တဲ့အချိန်ကိုမရှိခဲ့သလောက်ပါပဲ "ဆိုကာ မျက်နှာမကောင်း ဖြစ်နေပြန်တော့ သူဘယ်လိုလုပ်ရမလဲ တကယ်ကို မသိတော့ပါ။မောင့်ကို စိတ်ချလက်ချထားခဲ့ဖို့ကြလည်း သူမထားခဲ့နိုင်။မောင်နဲ့ဒီမှာ ဆက်နေမယ်ဆိုရင်ကြလည်း သူစိုင်းမိဘတွေကို မျက်နှာပူသည်။
ထိုအခိုက် .....
Towel ကိုခါးမှာပတ်ကာ
ခေါင်းနဲ့ကိုယ်အပေါ်ပိုင်းက ရေစက်လက်နဲ့ပင်ထွက်လာတဲ့ငတိက ဗီရိုထဲက တဘက်အသေးလေးကိုထုတ်၍ သူ့ဆီပစ်ပြီး မျက်လုံးလေးကလယ်ကလယ်လုပ်၍ ရှေ့မှာလာရပ်သည်။"ကိုကိုသုတ်ပေး" တဲ့ဒါလူကိုသပ်သပ်နိုင်စားတာ ဒီကလည်း ဘယ်ရမလဲ.....
"လက်နှစ်ဖက်က ဘယ်ရောက်သွားလို့လဲ"
"ဒီရောက်သွားလို့ "ဆိုကာ ခါးကိုလာသိုင်းဖက်ပြီး ရင်ဘတ်ဆီ မေးထောက်ကာ သူသိပ်ချစ်ရသည့် သွားတတ်လေးတွေပေါ်အောင်ဟီးခနဲရယ်ပါသည်။ထူးပန် လူကိုလာညုနေသည့် ဒင်းလေးကို အသည်းယားစွာ....
ရေချိုးပြီးခါစ ကြည်တောက်ကာ ပန်းသွေးသမ်းနေတဲ့ ပါးအိအိလေးတွေကို ဆွဲဖျစ်မိလေသည်။ဒီတော့ သူ့လက်ရာကြောင့် အရောင်ပိုတောက်လာကာ လူကို ငေးခနဲဖြစ်အောင်ဆွဲဆောင်နိုင်လွန်းလှတာမို့ ထိုပါးအိအိလေးထံ သူ့နှာခေါင်းကို နစ်ဝင်သည်အထိ အကြာကြီးမွှေးကြူမိလေသည်။နောက် နှာခေါင်းထိပ်လေးတွေချင်း အသာတို့ထိကာ ကျီစယ်တော့ ကောင်ဆိုးလေးက သဘောတွေကျကာ ခိုးခိုးခစ်ခစ်ရယ်လေသည်။
YOU ARE READING
မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)
Romance******Zawgyi***** အွန်လိုင်းပေါ်ကအချစ်လေလှိုင်းထဲကအချစ်ကိုအယုံကြည်မရှိသောကောင်လေး၊Actionကား၊သိုင်းကားနဲ့KDramaကားတွေလောက်သာစိတ်ဝင်စားပီး Qဖို့Chatဖို့စိတ်မဝင်စားသော၊အချစ်ကိုအယုံကြည်မရှိသော FAကောင်လေး....... ဆုထူးပန်။ *****Uni****** အွန်လိုင်းပေါ်ကအချစ...