အမုန်းသင့် အိပ်မက်
Part.4
Writer - SaungAngel ( Author - M )
* အယ် စားနေပုံက နင်နေတော့မှာပဲ
ငါ့နှယ့် စိတ်ပူလိုက်တာနော်
ဖြည်းဖြည်းစားပါ ကောင်လေးရဲ့
မင်းသာ တစ်ခုခုဖြစ်ရင် ကိုယ်ရင်ကျိုးရမှာ
အော် ဖြည်းဖြည်းစားပါဆို
ထမင်းရောသေချာဝါးရဲ့လားမသိ တစ်လုတ်ပြီး
တစ်လုတ်နင်းကန်စားနေတာ အစာမကြေဖြစ်တော့မှာပဲ
ဟိုအဒေါ်ကြီးကလည်း ရပ်ပဲကြည့်နေတယ်
ဖြည်းဖြည်းစားဖို့ နည်းနည်းပါးပါးပြောဖို့ကိုမရှိဘူး
အန်ကယ်ကလည်း ဘယ်လိုဝန်ထမ်းကိုခန့်ထားလဲမသိ
ငါသာဆို ချက်ချင်းအလုပ်ဖြုတ်ပစ်မိမယ်*
ထမင်းလုတ်ကြီးငယ်အသွယ်သွယ်ကို ပါးစပ်ထဲ
ထိုးထည့်ကာစားနေတဲ့ ငရစ်လေးကိုကြည့်ကာ
ကျွန်တော့်မှာ စိတ်ပူလိုက်ရတာ လူကဇောချွေးတွေပါ
ပြန်တဲ့အထိ
ဟိုငရစ်လေးကတော့ စားသောက်ပြီးလို့ ဘာမှ
မဖြစ်သလိုနဲ့ အဆီတောင်ရစ်ချင်နေတဲ့ပုံပေါ်နေပြီ
ကျွန်တော်ကသာ သူထမင်းစားနေတုန်း
တစ်ခုခုဖြစ်မှာစိုးလို့ စိတ်ပူလိုက်ရတာ
ဒင်းလေးကတော့ သိတောင်မသိရှာဘူး
အခုလည်းကြည့်ပါလား ခြင်းတောင်းကြီးထဲက
စားစရာတွေကိုနှိုက်ထုတ်နေပြန်ပြီ
ကြည့်ရတာ ဒင်းလေးအကြိုက်သရေစာတွေထင်ပါရဲ့
ဟော လာပါပြီ ကျွန်တော့်ဆီ
ဘာကျွေးဖို့လည်းမသိ“ ဆေးသောက်ထားတယ်မလား…”
“ အိပ်နေလိုက်ပေါ့…”* အထင်နဲ့အမြင်လွဲတယ်ဆိုတာ ဒါမျိုးကိုပြောတာဖြစ်မယ်
ဒင်းလေးက ကျွန်တော့်ကိုအိပ်ခိုင်းပြီးတော့ ဘယ်လစ်
ဖို့လဲမသိဘူး*“ အင်…ခဏနေအိပ်မယ်…"
“ အခုက…စားထားစ…ဗိုက်ပြည့်နေလို့…"* မှတ်ကရောလား
အခုတော့ ဘာတတ်နိုင်သေး *“ ဟုတ်သားပဲ…”
“ အဲဒါဆိုလည်း…ခဏနေမှအိပ်လေ…”* ဒီလိုပဲပြောလာရမယ်လေ
အပြင်ခိုးထွက်ချင်နေတဲ့ မင်းကို ကိုယ့်အနားကနေ
မထွက်သွားအောင် လုပ်ရမှာ ဒီတစ်နည်းပဲရှိတယ်*
“ အင်…”ကျွန်တော့်ငရစ်လေး ငြိမ်ကုတ်စွာနဲ့ထိုင်ခုံမှာသွား
ထိုင်နေပြန်တော့
ကျွန်တော်အထီးကျန်ရပြန်ပြီပေါ့။
* ကြံစမ်း ကြံစမ်း ဘယ်လိုလုပ်မှ ဒီငရစ်လေးနဲ့
စကားပြောခွင့်ရမှာလဲ*
ကြံပင်တွေတစ်သီတစ်တန်းကြီးစိုက်လို့ဝသွားတော့
မှ
ကျွန်တော့်အတွေးထဲပေါက်လာတဲ့ ကြံပင်…
BINABASA MO ANG
အမုန်းသင့် အိပ်မက် ( Z+U)
Romanceအမုန်းသင့်နေသော အိပ်မက်ကနေနိုးထစေနိုင်တာ အချစ်တစ်ခုတည်းသာရှိတာပါ။