အမုန်းသင့် အိပ်မက် Part.15

1.2K 44 13
                                    

အမုန်းသင့် အိပ်မက်

Part.15

Writer - SaungAngel.   ( Author _ M )

    ၂၀၁၉ မေ ၂၁

မရိုးသောအလှဖြင့် အမြဲတစ်စေလှပနေဆဲ
မနက်ခင်းရောင်နီရှင်အလှနတ်မိမယ်လေးကတော့ သူ့တာဝန်တွေပြီးဆုံးသည်နှင့်
သူ့အလှတရားတွေကိုသိမ်းဆည်းကာ
ကောင်းကင်ကြီးအထက်ကနေ ပုန်းလျှိုလို့သွားတဲ့
အခါမှာတော့
တစ်လောကလုံးကို သူ့မေတ္တာဓာတ်တွေဖြင့်
လွှမ်းခြုံပေးလိုပါသော
သူရိန်အမည်ထွင်နေမင်းကြီးက
သူ့နှလုံးအိမ်ထဲမှ မေတ္တာဓာတ်တွေကို
လောကတစ်ခွင်က လူသားတွေဆီကို
အရောက်ပို့နိုင်ဖို့ရာ   ကောင်းကင်အထက်ဆီသို့
တစ်စတစ်စထွက်ပေါ်လို့လာလို့နေပေပြီ။

       မောင်ရှိန်းမင်းခ
      အသက် ( ၂၃နှစ် )    ၂၀၀၁ခုနစ် ဖေဖော်ဝါရီ ၁၅ရက်တွင်ကွယ်လွန်သည်။

ထိုအုတ်ဂူ၏နံဘေးတွင်တော့

    မသံသာသစ်
   အသက် ( ၂၃ နှစ် )  ၂၀၀၁ခုနစ် ဖေဖော်ဝါရီ ၁၅ရက်တွင်ကွယ်လွန်သည်။

ထိုအုတ်ဂူဖြူဖြူနှစ်ခုအရှေ့မှာ ရပ်နေတဲ့ ကောင်လေးတစ်ယောက်။

* နှုတ်ကနေခေါ်ခွင့်လည်းမရ
မေတ္တာလည်း ငတ်မွတ်ခဲ့ရတဲ့ဘဝ
ကျုပ်ကို ဒီဘဝရောက်အောင်လုပ်ခဲ့တဲ့ ခင်ဗျား
မကြာပါဘူး
သူများအသိုက်အမြုံဖျက်ဆီးခဲ့တဲ့ ခင်ဗျားကို
အသိုက်အမြုံဖျက်ဆီးခြင်းခံရတဲ့ခံစားချက်အရသာ
ဘယ်လိုမျိုးလဲဆိုတာ ကောင်းကောင်းကြီးသိသွား
အောင် ကျုပ်လုပ်ပြမယ်
ဒါမှ ခင်ဗျားလည်း ကျုပ်အပေါ် ကိုယ်ချင်းစာတတ်
မှာ*

ထိုသို့အတွေးတွေဖြင့် အုတ်ဂူလေးနှစ်ခုကိုကျောခိုင်း
ကာထွက်ခွာသွားတဲ့ လူငယ်လေးတစ်ယောက်ရှိခဲ့
သလို
ထိုလူငယ်လေးထွက်သွားပြီး မိနစ်ပိုင်းမျှအကြာတွင်
တော့…
အနက်ရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထား
ကြတဲ့ အသက်လေးဆယ်ကျော်လူလတ်ပိုင်းတစ်ဦး
နှင့် အသက်ဆယ့်ရှစ်နှစ်အရွယ် လူငယ်လေးတစ်ဦးတို့ရောက်ရှိလို့လာကြပေသည်။

  “ အချိန်ပြည့်…မင်းကိုလွမ်းနေခဲ့ရတာပါ…”
    “ မင်းမရှိတော့တဲ့လူ့ဘဝကြီးမှာနေထိုင်ရတာ…
တကယ်ပင်ပန်းတယ်…”
    “ တစ်နေ့တစ်နေ့ကုန်ဆုံးဖို့…ခန္ဓာကိုယ်ကိုအနားမပေး…အလုပ်တွေစေခိုင်းမိနေပေမယ့်…”
     “ စိတ်ကတော့…မင်းနဲ့ဆုံဆည်းခဲ့ရတဲ့နှစ်တွေထဲ
မှာတစ်ဝဲလည်လည်ပဲ…”
     “ မင်းကိုလွမ်းတိုင်း…ဒီဓာတ်ပုံလေးကိုထုတ်
ထုတ်ကြည့်နေမိတယ်…”
     “ အလွမ်းစိတ်များပြေမလားပေါ့…”

အမုန်းသင့် အိပ်မက် ( Z+U)Donde viven las historias. Descúbrelo ahora