အမုန်းသင့် အိပ်မက် Part.20

1.2K 32 9
                                    

အမုန်းသင့် အိပ်မက်

Part.20

Writer - SaungAngel ( Author _ M )

      ၁၉၉၆ မတ်လ ၂၈

       အမုန်းဆက် စံအိမ်

ဆောင်းအကုန် နွေအကူး မတ်လ၏အပူဒဏ်က
နွေရောက်ပြီဆိုတာ ထင်ဟပ်ပြလို့နေပေပြီ။
သို့ပေမယ့် ကုန်ဆုံးသွားပြီးတဲ့လေးနှစ်တာဟူသော
အချိန်ကာလတစ်လျှောက်လုံး အကြောင်းကိစ္စမရှိရင်
အိမ်အပြင်သို့မထွက်တတ်ခဲ့သော တစ်ယောက်သောသူကတော့ ထိုစံအိမ်ကြီးအတွင်းမှာသာ အထီးကျန်တဲ့
သူ့ဘဝကြီးကို ဖြတ်သန်းရတာကြိုက်နှစ်သက်တဲ့
အတွက်ကြောင့် သူနေထိုင်ရာနေရာအနီးတစ်ဝိုက်က
မည်သူ့ကိုမှအပေါင်းအသင်းမလုပ်ဘဲနေခဲ့တဲ့သူ။
သူ့စံအိမ်အနီးမှာ စံအိမ်အသစ်တစ်ခု လွန်လေခဲ့သော
နှစ်နှစ်ခန့်ကဆောက်လုပ်လို့ပြီးသွားတယ်ဆိုတာကို
လည်း သူ့နဲ့မဆိုင်သလိုနေခဲ့သူပင်ဖြစ်လေသည်။

    “ အိမ်ရှင်တို့…အိမ်ရှင်တို့…ရှိကြပါသလားခင်ဗျား…”

စံအိမ်အပြင်ဘက်ကနေလှမ်းခေါ်နေပါသော
ထိုခေါ်သံရှင်ကြောင့်
ဘယ်တုန်းကမှ အပြင်ကနေခေါ်သံကြားတိုင်း
ထွက်မတွေ့တတ်ပါတဲ့
အမုန်းဆက်စံအိမ် သခင်လေးတစ်ယောက်
အိမ်အပြင်ကိုထွက်လို့လာခဲ့မိလေ၏။

* ဒါက လူလား
အဲ့လောက်ချောတဲ့သူရှိလို့လား
ဒီလောက်ချောတာ ဘယ်လိုမှလူမဖြစ်နိုင်ဘူး
ဥစ္စာစောင့်ပဲဖြစ်ရမယ်*

ထိုသို့စိတ်ထဲကနေမှတ်ချက်ပေးနေပါသော
အသက်ဆယ့်ကိုးနှစ်အရွယ်ရောက်လို့နေပြီးဖြစ်တဲ့
အမုန်းဆက် စံအိမ်သခင်လေး ဝသုန်လေမာန်။

   “ ဘာကိစ္စလဲ…”

နဂိုကတည်းကိုက မျက်နှာထားမာရုံတင်မက
အသံကိုလည်း ခပ်မာမာသာပြောတတ်တဲ့ ဝသုန်။

    “ မနက်ဖြန်အစ်ကို့မွေးနေ့အတွက်…ညီလေးတို့ကိုလာဖိတ်တာပါ…”
     “ နေရာကတော့…သူရိယစံအိမ်ပါ…”
     “ လာပေးပါနော်…ညီလေး…”

* ဒီအစ်ကို့အသံလေးက ချိုလိုက်တာ
ငါ့နဲ့တစ်ခြားစီပဲ
အစ်ကိုတော့ ငါ့အသံကြားပြီး ငါ့ကိုအထင်သေးသွား
ပြီလားမသိ*

အမုန်းသင့် အိပ်မက် ( Z+U)Hikayelerin yaşadığı yer. Şimdi keşfedin