အမုန်းသင့် အိပ်မက်
Part.7
Writer - SaungAngel. ( Author _ M )
နေသခင် စံအိမ်
၁၉၉၉ ဒီဇင်ဘာ ၂၈၏ ဆောင်းလေအေးသော
ညနေခင်း။* နေသခင်
မနက်ဖြန်ကနေစပြီး မင်းရဲ့သခင်အသစ်ဖြစ်လာမယ့်
သူကို ငါ့ကိုယ်စားနွေးထွေးမှုမေတ္တာပေးပေးပါ
သူက ငါ့အတွက်အသက်တမျှအရေးကြီးတဲ့သူဆိုတာ
မင်းမမေ့ပါနဲ့
သူ့ဘဝလုံခြုံမှုက မင်းလက်ထဲမှာ
အဲဒီအတွက် သူ့ဘဝလေးအေးချမ်းသာယာအောင်
ငါ့ကိုယ်စား မင်းစောင့်ရှောက်နိုင်လိမ့်မယ်လို့
ယုံကြည်ပါရစေ
နောက်ပြီး ငါသိပ်ချစ်ရတဲ့ အရုပ်ကလေးကိုလည်း
ငါ့ကိုယ်စားပြောပေးပါ
ဒီနေသခင်စံအိမ်ရဲ့ အရင်သခင်
နေသျှိုင်းထွဋ်မြတ်က သူ့ကိုသိပ်ချစ်ခဲ့ပါတယ်လို့
ပြီးတော့ ဆက်လည်းချစ်နေဦးမှာပါလို့
သူ့ကိုချစ်ရလွန်းလို့ သူ့ဘဝလေးလှဖို့
နေသျှိုင်းရဲ့နှလုံးသား အကွဲကြေခံပြီးခင်းပေးခဲ့တဲ့
လမ်းကို ဆက်လျှောက်ပါလို့
အဲဒီအတိုင်းသာ ပြောပြလိုက်ပါ
ဒါ ငါမင်းရဲ့သခင်အနေနဲ့ မင်းကိုနောက်ဆုံးမိန့်မှာ
ခြင်းပဲ*စံအိမ်၏ ခြံဝင်းအကျယ်ကြီးရဲ့
အရိပ်ရသစ်ပင်အောက်က ခုံတန်းလေးမှာ
ခြေချိတ်ထိုင်နေတဲ့ နေသျှိုင်းထွဋ်မြတ်
မနက်ဖြန်ဆို သူသိပ်ချစ်ခဲ့ရတဲ့ အရုပ်ကလေးဆီ
သူသိပ်တန်ဖိုးထားခဲ့တဲ့ သူ့မိဘတွေနဲ့အတူ
ငယ်စဉ်အခါကနေခဲ့သော ဒီစံအိမ်ကြီးအားလွှဲပေး
လိုက်တော့မှာမို့…
သူ့ဘဝမှာ အရုပ်ကလေးအားအနီးကပ်စောင့်ရှောက်ပေးခွင့်မရှိတော့ပေမယ့်လည်း
သူ့ရင်ထဲကဖြစ်ချင်တဲ့ဆန္ဒတွေကို
လူစကားနားမလည်ပါသောစံအိမ်ကြီးအား ဖွင့်ပြောပြကာ အကူအညီတောင်းနေမိလေတဲ့ သူ့စိတ်အစုံက
မရူးသွပ်သွားရုံတစ်မယ်သာရှိတော့သည်။“ ကျွန်တော်တို့…အရောက်နောက်ကျသွားရတဲ့
အတွက်…တောင်းပန်ပါတယ်…သခင်လေး…”အရင်ရောက်နှင့်နေတဲ့ သူ့အားပျာပျာသလဲ တောင်း
ပန်နေတဲ့ ဦးစိုင်းနှင့် ရှေ့နေကြီးဦးရန်စိုး။“ ခင်ဗျားတို့နောက်မကျဘူး…”
“ ကျွန်တော်…စောရောက်နေတာ…”
“ သွားကြတာပေါ့…အိမ်ထဲကို…”
![](https://img.wattpad.com/cover/205213312-288-k12160.jpg)
ESTÁS LEYENDO
အမုန်းသင့် အိပ်မက် ( Z+U)
Romanceအမုန်းသင့်နေသော အိပ်မက်ကနေနိုးထစေနိုင်တာ အချစ်တစ်ခုတည်းသာရှိတာပါ။