အမုန်းသင့် အိပ်မက်
Part.21
Writer - SaungAngel ( Author _ M )
၁၉၉၉ ဖေဖော်ဝါရီ ၁၂
“ ဒီပုံထဲကလူကိုတွေ့မိလားခင်ဗျာ့…”
ကိုနေစိတ်ညစ်တိုင်း သွားတတ်တယ်ဆိုသော
ထိုမြို့ကိုရောက်တာနဲ့ မြို့ခံဖြစ်ဟန်သူမယ့်အမျိုးသား
တစ်ဦးအား ကိုနေ့ပုံပြပြီး မေးလိုက်ပါတဲ့ ဝသုန်။“ မတွေ့မိဘူး…ညီလေး…”
ထိုလူ့စကားကိုကြားပြီး စိတ်လျော့ဖို့နေနေသာသာ။
“ ဟုတ်ကဲ့…တွေးမိရင်…ဒီဖုန်းနံပါတ်ကိုဆက်
ပေးပါနော်…”သူ့ကားရှေ့ခန်းမှာထားထားတဲ့ စာအုပ်နဲ့ဘောပင်ကိုအမြန်ယူပြီးတာနဲ့
စာအုပ်ထဲမှ စာရွက်တစ်ရွက်ကိုဆွဲဖြုတ်ကာ
သူ့လက်ကိုင်ဖုန်းနံပါတ်ကိုပါရေးပေးလိုက်သေး၏။“ အင်း…အင်း…”
ထိုအမျိုးသားထွက်သွားတာနဲ့
“ အစ်မရေ…ဒီပုံထဲကသူကိုတွေ့မိသေးလားမသိ…”
“ မတွေ့မိဘူး…မောင်လေး…”
“ ဒါ…ကျွန်တော့်ဖုန်းနံပါတ်ပါ…”
“ တွေ့မိရင်…ကျွန်တော့်ဆီဆက်သွယ်ပေးပါနော်…”“ အေးပါကွယ်…”
ထိုအစ်မအားလည်း သူကြိုရေးလို့ထားတဲ့ သူ့ဖုန်းနံပါတ်ရေးထားသော စာရွက်အပိုင်းအစအားပေး
လိုက်ပြန်ပါတဲ့ ဝသုန်။
ဒီလိုနဲ့ ဒီမြို့ကို နေ့လယ်ခေါင်နေမှာစရောက်ခဲ့တဲ့သူက မမောမပန်းနိုင်ဘဲ ထိုမြို့ခံလူတွေဆီကနေ
ကိုနေ့သတင်းကိုစုံစမ်းလို့နေခဲ့သည်မှာ ညနေကို
ရောက်ကာတစ်မိုးချုပ်လို့သွားခဲ့ပေပြီ။
ထို့ကြောင့် သူလည်း ရရာထမင်းဆိုင်တစ်ခုကိုဝင်ကာ
ထမင်းဝယ်စားလိုက်လေ၏။
ဒီလိုမှသာနောက်နေ့တွေမှာ ကိုနေ့ကိုရှာဖို့အတွက်
အင်အားတွေရှိနိုင်မှာလေ။* ဘယ်ဆီကိုရောက်လို့နေတာလဲ ကိုနေရယ်
ကိုနေစိတ်ညစ်စရာရှိတိုင်း ဒီမြို့ကိုလာတတ်တယ်ဆို
အခုတော့ ဘာလို့ကိုနေ့ကိုမတွေ့တာလဲ
ကိုနေကပဲ အနေအေးခဲ့လို့လား
ဒီမြို့ခံလူတွေကြားထဲ ကိုနေမလာဖူးလို့လား
မဟုတ်ရင် ကိုနေ့ပုံကိုပြတာနဲ့ သူတို့တွေ ကိုနေ့ကို
မှတ်မိရမှာပေါ့
အခုတော့တစ်ယောက်မှမသိကြဘူး
ကိုနေ ဒီကိုလာတိုင်းမြို့ထဲမှာမနေခဲ့လို့လား*
VOCÊ ESTÁ LENDO
အမုန်းသင့် အိပ်မက် ( Z+U)
Romanceအမုန်းသင့်နေသော အိပ်မက်ကနေနိုးထစေနိုင်တာ အချစ်တစ်ခုတည်းသာရှိတာပါ။