အမုန်းသင့် အိပ်မက် Part.19

1K 35 11
                                    

အမုန်းသင့် အိပ်မက်

Part - 19

Writer - SaungAngel ( Author _ M )

     “ ဟားဟား…မင်းကိုမိပြီကွ…”

အကြာကြီးလိုက်ကာဖမ်းမှသာ အပြေးသန်လွန်းသောထိုကလေးကိုဖမ်းလို့မိပါတဲ့ ဦးနေသျှိုင်း။
နောက်ထပ်လွတ်မထွက်သွားအောင် ထိုကလေးရဲ့
ကိုယ်ကို သူ့လက်နှစ်ဖက်ဖြင့်တင်းကျပ်စွာဖက်ထား
လိုက်လေ၏။
   
    “ ဦးနေ…လွှတ်ဗျာ…”
   “ အဲ့လိုလာမဖက်နဲ့…မုန်း…မကြိုက်ဘူး…”

ဦးနေနဲ့မှူးတို့သားအဖကိုကြည့်မိရာကနေ
ပါးကိုသတိရစိတ်ဖြစ်မိသောကြောင့် စံအိမ်အပြင်
ဘက်ကိုထွက်လာမိပါတဲ့ မုန်းခဆက်တေး။
သူလည်း ပါးကိုမေ့ပစ်လို့ရအောင် စံအိမ်အပြင်ဘက်
မှာလမ်းလျှောက်ကာနေမိနေတုန်းမှာ
★မင်းကိုဖက်ထားပေးမယ် လာခဲ့★
ထိုသို့ဆိုလာပါသော ဦးနေပြောလိုက်တဲ့စကားကြောင့်
ဘာကြောင့်မှန်းမသိ သူ့ရင်ထဲမှာ ရင်တုန်လာသလိုလိုဖြစ်လာတာမို့
ဦးနေအဖက်မခံထိအောင် စံအိမ်အနီးတစ်ဝိုက်ကို
ပတ်ကာပြေးနေရပါတဲ့ သူ့အဖြစ်။
အစပိုင်းမှာ သူ့ကိုလိုက်ဖမ်းနေတဲ့ ဦးနေလက်ကနေလွတ်အောင်ပြေးနိုင်ပေမယ့်လည်း
မမောမပန်း ဇွဲကြီးကာ သူ့အားလိုက်ဖမ်းနေသူ
ဦးနေကြောင့်
အခုများအခါမှာတော့ ဦးနေရဲ့ဖက်ခြင်းကို
ခံလိုက်ရပေပြီ။
သူတောင့်တခဲ့ရတဲ့ ပါးရင်ခွင်ကဘယ်လိုမျိုးလဲဆိုတာ
မခံစားဖူးခဲ့ပေမယ့်လည်း
အခုသူရောက်နေရတဲ့ ဦးနေရဲ့ရင်ခွင်ကတော့
သူ့တစ်ကိုယ်လုံးကိုနွေးထွေးမှုပေးတဲ့အပြင်
သူ့ဘယ်ဘက်ရင်ဘတ်မှအကောင်ပေါက်လေးကလည်း တစ်ချက်မှအငြိမ်မနေ ခုန်လို့နေပေတာကြောင့်
သူ့မှာအသက်ရှူလို့မဝဖြစ်လာရကာ ချွေးတွေပင်ပြန်
လို့လာပေတာမို့
အခုလိုဦးနေရင်ခွင်ထဲကနေရုန်းကာထွက်နေရခြင်း
ပင်ဖြစ်သည်။

    “ မလွှတ်နိုင်ဘူး…”
     “ မင်းကိုအမိဖမ်းနိုင်ဖို့…ကိုယ့်အသက်တောင်
ထွက်ခါနီးဖြစ်တော့မလို့…”
    “ အဲတော့မလွှတ်ဘူးကွာ…”

သူကရုန်းလေ သူ့အားပိုလို့တိုးကာဖက်ထားနေ
ပါသောဦးနေကြောင့်…

* ဦးနေရာ ခင်ဗျားကြီးမလွှတ်တာအကြောင်းမဟုတ်ဘူး
ခင်ဗျားကြီးရဲ့ ရင်ခွင်ထဲမှာနေရတာ
ဒီကလူရင်တစ်ခုလုံး ဗြောင်းဆန်နေပြီဗျာ့
ကြာရင် ခင်ဗျားကြီးရဲ့ရင်ခွင်ကိုမလွှတ်နိုင်ဖြစ်သွားရင်
ဘယ်နှယ့်လုပ်မလဲ
ကျွန်တော် ခင်ဗျားကြီးအပေါ်တွယ်တာစိတ်မဖြစ်မိခင်
ခင်ဗျားကြီးရင်ခွင်ထဲကနေ ရုန်းထွက်ပါရစေလား*

အမုန်းသင့် အိပ်မက် ( Z+U)Where stories live. Discover now