အမုန်းသင့် အိပ်မက် Part - 17

1.1K 34 9
                                    

အမုန်းသင့် အိပ်မက်

Part.17

Writer - SaungAngel.  ( Author _  M )

       အမုန်းဆက် စံအိမ်

    “ ပြန်လာပြီလား…သား…”

သူ့အား သားလို့ပထမဦးဆုံးခေါ်လာတဲ့ ပါးကြောင့်
အပြင်ကနေပြန်လာသော မုန်းခဆက်တေးတစ်
ယောက် စံအိမ်ထဲကိုဝင်လာတဲ့သူ့ခြေလှမ်းများပင်
ရပ်တန့်သွားရလေသလားတောင်ထင်ရသည်။

    “ ဆောရီး…”
     “ ပါးရုတ်တရက်…အခုလိုခေါ်လိုက်တော့…
ပါးရဲ့သားလေးကြောင်သွားတယ်မလား…”
     “ ကျင့်သားရအောင်…ပါးနေတိုင်းခေါ်ပေးမယ်…”
    “ သားလို့…ဟုတ်ပြီလား…”

သူ့အနားနားထိကပ်ကာပြောနေတဲ့ ထိုစကားသံ
ကိုမနှစ်မြို့တာမို့…

     “ ဟုတ်…”
    “ ပင်ပန်းလာလို့…သွားနားတော့မယ်…”

ထိုနေရာမှာ နည်းနည်းလေးတောင်ဆက်မနေချင်
တာကြောင့် စကားဖြတ်ကာ
စံအိမ်အပေါ်ထပ်ရှိရာဆီသို့
လှေကားထစ်တွေပေါ် အပြေးကလေးတက်သွား
လိုက်တဲ့ မုန်းခဆက်တေး။

*ဘာတဲ့ သား ဟုတ်လား
ခင်ဗျားလိုလူက ကျုပ်ကို သားလို့ခေါ်ခွင့်ရှိလို့လား
အရင်လို ခဆက်လို့တစ်ရင်းတစ်နှီးခေါ်တာတောင်
လွန်ရာကျနေပြီ
ခင်ဗျားနဲ့ကျုပ် အဲဒီလောက်အထိမရင်းနှီးသင့်ဘူးလို့
မထင်မိဘူးလား ဦးဝသုန်လေမာန်*

သူ့အိပ်ခန်းအတွင်းရှိ စာကြည့်စားပွဲက ဆုံလည်ထိုင်ခုံ
မှာ ထိုင်ရင်း
ငယ်စဉ်ကတည်းက ပုံဆွဲရတာဝါသနာပါသူမို့
သူ့စိတ်ထဲကနေကို ဆွဲချင်လာတဲ့ ပုံတစ်ပုံကို
ပုံဆွဲစာရွက်ပေါ်ချဆွဲလိုက်တဲ့ မုန်းခဆက်တေး။
သူပုံဆွဲတာကိုမနှစ်သက်ခဲ့တဲ့ ပါး
အခုတော့အဲ့လိုမခေါ်ချင်တော့လို့ ဦးဝသုန်လေမာန်ဆိုတဲ့လူကသူ့ကိုဂီတနဲ့ပတ်သတ်တဲ့ကျောင်းကိုသာ တက်စေခဲ့လို့သာ
ထိုကျောင်းကိုတက်ခဲ့ရပေမယ့်
အချိန်ရရင်ရသလို  သူ့စိတ်ကဆွဲချင်တဲ့ပုံတွေကို
ခိုးဆွဲတတ်သူပင်။
အခုလည်း စိတ်ညစ်တာတွေပြေပျောက်ဖို့ရာ
သူ့စိတ်ထဲကပေါ်လာတဲ့ ပုံကိုစာရွက်ပေါ်ချဆွဲနေရာမှ
သူ့ရင်ထဲကဒေါသကိုမထိန်းနိုင်တော့တာမို့
ထိုပုံဆွဲတာကိုရပ်လိုက်ပြီး သူ့လက်ထဲမှကိုင်ထားတဲ့
သူပုံဆွဲရင်သုံးနေကျခဲတံကိုသာ လှည့်ကာကစားနေ
လိုက်လေသည်။

အမုန်းသင့် အိပ်မက် ( Z+U)Tempat cerita menjadi hidup. Temukan sekarang