အမုန်းသင့် အိပ်မက်
Part.6
Writer - SaungAngel. ( Author _ M )
သူရိယ စံအိမ်
၁၉၉၉ ဒီဇင်ဘာ ၂၈
“ မတွေ့ဖြစ်တာကြာပြီနော်…သက်သက်…”
သူ့သားနှင့်ချွေးမကို လုပ်ကြံလို့အားမရသေးဘဲ
သူ့အသည်းအသက် မြေးလေးနေကိုပါလုပ်ကြံဝံ့တဲ့
ညီမအရင်းဖြစ်သူ သက်သက်နေအား မုန်းနေမိပေ
မယ့်
ညီမဖြစ်သူ၏ သမီး မြမြသက်လေးက မနေ့တုန်းက သူမအမေ၏အပြစ်တွေအားလုံးကိုဖွင့်ဟဝန်ခံကာသူ့အရှေ့ဒူးထောက်ဝန်ချတောင်းပန်ထားတဲ့အတွက်
ကြောင့်သာ မျက်နှာချင်းမဆိုင်ချင်ပေမယ့်
စကားဧည့်ဝတ်စကားအစပြုလိုက်ရတဲ့
အသက်ခြောက်ဆယ့်သုံးနှစ်အရွယ် ဦးမခနေ…“ အစ်ကိုကြီးမခ…သက်ကိုမုန်းနေမှာပေါ့နော်…”
“ သက်ရဲ့လောဘကြောင့်…မိုက်မဲမိခဲ့တဲ့လုပ်ရပ်
တွေအတွက်လည်း…နောင်တရနေပါပြီ…”
“ ဒီကအပြန်…သက်ကိုယ်တိုင်…သက်မှားခဲ့တဲ့
အမှားတွေရဲ့အပြစ်ဒဏ်ခံယူဖို့…စခန်းကိုသွားမှာပါ…”အစ်ကိုကြီးဦးမခနေ၏ ပိုင်ဆိုင်မှုအားလုံးကို
သူမဆီသာလွှဲပေးစေလိုတဲ့ မလိုလောဘအမိုက်မှောင်
ဖုံးနေမိတဲ့အတွက်
အပြစ်မရှိတဲ့ သူ့အစ်ကိုကြီး၏တစ်ဦးတည်းသောသား
တစ်ဖြစ်လည်း သူ့တူဦးအာကာနေနှင့်သူ့တူ၏ဇနီး
ဒေါ်မြတ်မူယာတို့အပေါ်လုပ်ခဲ့မိတဲ့အမှားတွေအပြင်…
သူ့အစ်ကိုကြီးဦးမခနေရဲ့အမွေတွေအားလုံးကိုဆက်ခံဖို့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်က
သူမလုပ်ကြံစေခိုင်းလိုက်တဲ့
ဦးအာကာနေတို့ဇနီးမောင်နှံသေဆုံးသွားရသော
ကားတိုက်မှုဖြစ်စဉ်မှာမပါခဲ့ပဲ
ထိုစဉ်အခါက သူ့အစ်ကိုကြီးဦးမခနေဆီမှာ
ကျန်ခဲ့တဲ့အတွက်ကြောင့် ယခုအချိန်ထိ
အသက်ရှင်လျက်ရှိနေခဲ့တဲ့ သူ့အစ်ကိုကြီး၏ရင်နှစ်
သည်းချာမြေးလေး နေသျှိုင်းထွဋ်မြတ်အား
လွန်ခဲ့တဲ့သုံးနှစ်က လုပ်ကြံခဲ့မိတဲ့ သူမ၏အမှားတွေ
အတွက်ပါ ဝန်ချတောင်းပန်ဖို့ရာဆုံးဖြတ်ထားတဲ့
အသက်ခြောက်ဆယ်အရွယ် ဒေါ်သက်သက်နေ…“ စခန်းသွားမယ့်အစား…ကျွန်တော့်အဖိုးကိုပဲ…
ဒူးထောက်တောင်းပန်…”
“ အဲဒါဆိုရင်…ကျွန်တော့်မိဘနဲ့ကျွန်တော့်အပေါ်ကျူးလွန်ထားတဲ့…ဘွားလေးအပြစ်တွေအားလုံး
ချေဖျက်ပေးမယ်…”
ESTÁS LEYENDO
အမုန်းသင့် အိပ်မက် ( Z+U)
Romanceအမုန်းသင့်နေသော အိပ်မက်ကနေနိုးထစေနိုင်တာ အချစ်တစ်ခုတည်းသာရှိတာပါ။