အမုန်းသင့် အိပ်မက်
Part.14
Writer - SaungAngel. ( Author _ M )
အမုန်းဆက် စံအိမ်
* ရိုးလိုက်တဲ့ မှူး
ကိုယ်ကလည်း အဲ့ဒီလိုရိုးသူကိုမှ အသုံးချချင်နေတော့
ခက်သား
မင်းကိုအသုံးချပြီး သူတစ်ပါးမိသားစုကိုပျက်စီး
အောင်လုပ်ခဲ့တဲ့ မင်းဒယ်ဒီရဲ့အပြစ်ကြွေးကိုပြန်ဆပ်
ခိုင်းမယ်
ဒါမှ တရားမျှတမှုက ကိုယ့်အတွက်ဆုလာဒ်ဖြစ်လာ
မှာ*သူငယ်ချင်းအပေါင်းအသင်းမထား၊အနေအေးသူ
မှူးနဲ့မရင်းရင်းနှီးအောင် လုပ်ခဲ့ရတဲ့သူ။
ထိုသို့လုပ်မှသာ သူ့ရင်ထဲကအမုန်းတွေကျေမှာမို့
လို့ မှူးကိုအသုံးချရခြင်းသာဖြစ်သည်။မှူး မနက်ဖြန် ကိုယ် လာလည်မယ်
ဘယ်အချိန် အိမ်မှာရှိမလဲ
မနက်လား ညနေလားသူ့လို off accသမား မှူး၏cbဆီကနေ
မှူးက သူ့အိမ်တည်နေရာကိုGoogle Mapဖြင့်
ပို့လာတာမို့လို့…
အခုမှ မှူးတို့အိမ်ကိုသိသောပုံစံမျိုးဖြင့် ပီပြင်စွာ
သရုပ်ဆောင်ပြလိုက်တဲ့ မုန်းခဆက်တေး။မနက်ပိုင်းတော့ မှူး အိမ်မှာရှိမယ်မထင်ဘူး
တေးလာချင် ညနေဘက်လာလေ
ခြောက်နာရီနောက်ပိုင်း မှူးအိမ်မှာရှိနေမယ်မှူးဆီကစာပြန်လာတာကြောင့်…
လာခဲ့မယ် စောင့်နေပေး
တိုတိုနဲ့ပြတ်ပြတ်သာရေးပို့ပြီးတာနဲ့ သူ့ဘက်က
မှူးစာဝင်မဖတ်ခင်မှာပဲ မှူးcbကို ignoreပစ်လိုက်
၏။
အစက မှူးcbကို blမလို့ပင်။
မတော်လို့ မနက်ဖြန် မှူးနဲ့ဆုံလို့မှ မှူးဘာထပ်ပို့
ထားမှန်းမသိမဖြစ်ရအောင်လို့သာ အခုလောက်ပဲ
လုပ်လိုက်တာ။
အဲ့လိုလုပ်တာကလည်း မှူးနဲ့သူ လိုင်းပေါ်မှာ
ထွေရာလေးပါးစကားတွေပြောစရာမလိုသလို
မှူးက သူ့အတွက်အရေးပါတဲ့သူလည်းမဟုတ်ဘူး။
ဒီအတိုင်း သူရိုက်မယ့် အမုန်းဇာတ်ကားမှာ
မှူးကဖြတ်လျှောက်အဆင့်သာသာပဲ။
သူ့ဇာတ်ကားရဲ့ တကယ့်ဇာတ်ဆောင်အစစ်က
မှူးဒယ်ဒီ ဦးနေသျှိုင်းထွဋ်မြတ်။
ဒီလူကသာ သူကငိုဆိုငို ရယ်ဆိုရယ်ရမယ့်လူအဖြစ်
သူရိုက်မယ့်အမုန်းဇာတ်ရဲ့
အဓိကဇာတ်ဆောင်မင်းသားဖြစ်ရမယ့်လူ။
နောက်ထပ်ဇာတ်ဆောင်မင်းသမီး၊ဇာတ်ပို့ဇာတ်ရံတွေထပ်မပါတော့တဲ့
ဒီဇာတ်လမ်းမှာ သူသာဒါရိုက်တာ၊သူသာဇာတ်ညွှန်း
ရေးသူ၊သူသာ ဇာတ်ကားတစ်ခုလုံး၏ဦးဆောင်သူပင်။
ВЫ ЧИТАЕТЕ
အမုန်းသင့် အိပ်မက် ( Z+U)
Любовные романыအမုန်းသင့်နေသော အိပ်မက်ကနေနိုးထစေနိုင်တာ အချစ်တစ်ခုတည်းသာရှိတာပါ။