အမုန်းသင့် အိပ်မက်
Part.30. ( Final Part )
Writer - SaungAngel. ( Author _ M )
ခုနစ်လကြာမြင့်လေသော်…
၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၂၃ရက်၏ ဆောင်းနှင်း
အေးမြနေသော ညနေခင်းအချိန်အခါတွင်တော့…SunSetအမည်ရ မြေဧကများစွာကျယ်ဝန်းသောကမ်းခြေရှိ
အလှခင်းအစိမ်းရောင်မြက်ခင်းပြင်ကျယ်ကြီးပေါ်မှာ
ကျင်းပတဲ့ ခမ်းနားကြီးကျယ်လွန်းလှသော
မင်္ဂလာဧည့်ခံပွဲတစ်ခု။
ဂုဏ်ချင်းထပ်တော့မြတ်တယ်ဆိုတဲ့စကားအတိုင်း
စီးပွားရေးလောကရဲ့နံပါတ်တစ်နေရာကိုအရယူ
လို့ထားတဲ့ ချမ်းသာကြွယ်ဝဆုံးသူဋ္ဌေးကြီးတစ်ဦးလည်းဖြစ်သလို
USမှာလည်းလုပ်ငန်းခွဲပေါင်းများစွာပိုင်ဆိုင်ထားသေး
သည့်
Sun Worldလုပ်ငန်းစုရဲ့ဥက္ကဌကြီးဖြစ်တဲ့
ဦးနေသျှိုင်းထွဋ်မြတ်နှင့်
စီးပွားရေးလောကရဲ့နံပါတ်နှစ်နေရာကိုအရယူထားသလို
USမှာ SPYဆိုသောလုပ်ငန်းစုကိုဦးဆောင်နေသူ
သူဋ္ဌေးကြီး ဦးဝသုန်လေမာန်၏ တစ်ဦးတည်းသော
သားလည်းဖြစ်
မျိုးရိုးစဉ်ဆက်ချမ်းသာခဲ့သော သစ္စာရှင်အိမ်တော်၏
ဆက်ခံသူတစ်ဦးတည်းသောမြေးဦးလည်းဖြစ်သည့်
မုန်းခဆက်တေးတို့၏
ဂုဏ်ချင်းထပ်သောမင်္ဂလာပွဲကြီးဖြစ်တာကြောင့်
သူတို့နှစ်ဦး၏မင်္ဂလာပွဲလာဧည့်သည်တော်တွေ
စီးလို့လာသောကားတွေကပင်
နာမည်ကြီးကားကုမ္ပဏီအမှတ်တံဆိပ်ပေါင်းများစွာဖြင့်
အရောင်အသွေးစုံလင်လို့နေပေသည်။“ မင်္ဂလာအချိန်ကျရောက်တော့မှာဖြစ်ပါသဖြင့်…
မင်္ဂလာသတို့သားများဖြစ်ကြတဲ့…
ဦးနေသျှိုင်းထွဋ်မြတ်နှင့်မုန်းခဆက်တေးတို့လိုက်ပါ
လာတဲ့ရဟတ်ယာဉ်ရောက်ရှိလို့လာပါပြီခင်ဗျာ…”အခမ်းအနားမှူး၏ကြေငြာသံအဆုံးမှာတော့
ပြောင်လက်တောက်ပလို့နေသော
အနက်ရောင်ရဟတ်ယာဉ်နှစ်စီးက ကောင်းကင်အထက်ကနေ
မင်္ဂလာပွဲကျင်းပရာမြက်ခင်းပြင်ကျယ်ကြီးပေါ်သို့
တဖြည်းဖြည်းဆင်းသက်လို့လာပေသည်။“ ကလေး…ကိုယ့်ဆီလက်ကမ်းလိုက်…”
ပထမရဟတ်ယာဉ်ပေါ်ကနေအရင်ဆင်းသက်လို့
လာတဲ့…
အထဲကနေအဖြူရောင်ရှပ်လက်ရှည်ကိုဝတ်ဆင်ထား
တဲ့ပေါ်မှာမှ
အနက်ရောင်အစက်အပြောက်လေးတွေပါသော
ဖဲပြားပုံလည်စည်းကိုပတ်ထားသလို
ထိုအပေါ်ကနေမှ အနက်ရောင်ကုတ်လက်ပြတ်ကို
တစ်ထပ်ဝတ်ဆင်ထားရုံတင်မက
ထိုကုတ်လက်ပြတ်ရဲ့အပေါ်ကနေနောက်တစ်ထပ်
ထပ်မံဝတ်ဆင်လို့ထားသော
အဖြူရောင်ကုတ်အရှည်ရဲ့ရင်ဘတ်အိတ်ကပ်နေရာမှာ
လူကြီးလူကောင်းဆန်ဆန် အနက်ရောင်လက်ကိုင်
ပုဝါကိုထည့်ထားပြီးသကာလ
အနက်ရောင်ဘောင်းဘီရှည်ဖြင့် သေသပ်စွာတွဲဖက်
ဝတ်ဆင်လို့ထားသော ဦးနေသျှိုင်းထွဋ်မြတ်၏ပုံစံက
တကယ့်ကို အဆင့်အတန်းမြင့်မားသော
လူကြီးလူကောင်းတစ်ဦးရဲ့အသွင်ကိုဆောင်လို့နေပေသည်။
ESTÁS LEYENDO
အမုန်းသင့် အိပ်မက် ( Z+U)
Romanceအမုန်းသင့်နေသော အိပ်မက်ကနေနိုးထစေနိုင်တာ အချစ်တစ်ခုတည်းသာရှိတာပါ။