အမုန်းသင့် အိပ်မက်
Part.11
Writer - SaungAngel. ( Author _ M )
၂၀၁၉ မေလ ၂၀ရဲ့ နေပူကျဲကျဲ နေ့မွန်းတည့်
ဆယ့်နှစ်နာရီအချိန်…* ခင်ဗျားဘယ်လိုလူစားမျိုးလဲ ဦးနေသျှိုင်းထွဋ်မြတ်
ကျုပ် သိတတ်စအရွယ်စရောက်ကတည်းက
ပါးပြောပြတဲ့ ခင်ဗျားရဲ့ယုတ်မာမှုတွေရော
နောက်ပြီး ပါးပို့ပို့လာပေးတတ်တဲ့
ခင်ဗျားပုံကိုမြင်တိုင်းပါ
ကျုပ် ခင်ဗျားကို အသေသတ်ချင်စိတ်ပဲပေါက်တယ်
ကျုပ်လက်နဲ့ ခင်ဗျားကိုသတ်ခွင့်ရမယ့်နေ့အမြန်
ရောက်ချင်စိတ်လည်း အပြည့်ပဲ
အခု ကျုပ် ခင်ဗျားကိုသတ်ခွင့်ရတော့မယ်
ကျုပ် အပျော်ကြီးပျော်မိတယ်
ဒါပေမယ့် အဲဒီအပျော်စိတ်နဲ့အတူ ကျုပ်စိတ်ထဲတစ်ခုခုတွဲရှိနေသလိုပဲ
အဲဒါက ဘာလဲဆိုတာ ကျုပ်ကိုယ်ကျုပ်မဆန်းစစ်
တတ်ဘူး
ကျုပ် အခုအချိန်မှာသိတာ ခင်ဗျားနှလုံးသားတည့်တည့်ထဲ ဓားနဲ့ထိုးစိုက်ချလိုက်ချင်တာပဲ
ခက်တာက ကျုပ်စိတ်ထဲမှာ ခင်ဗျားအပေါ်
အဲ့လိုမလုပ်ရက်ပြန်ဖြစ်နေတာကရော ဘာကြောင့်လဲ
ခင်ဗျားများ အောက်လမ်းအတတ်တတ်နေလို့လား
မဟုတ်ရင် ကျုပ်စိတ်တွေ အခုလို
ဒွိဟဖြစ်နေမှာမဟုတ်ဘူး*သူ့အသက်ဆယ်နှစ်အရွယ်ရောက်စနှစ်တုန်းက
ပါးဆီကနေသိလိုက်ရတဲ့ အဖြစ်အပျက်တစ်ခု
ထိုအဖြစ်အပျက်ကိုသိပြီးကတည်းက
ဦးနေသျှိုင်းထွဋ်မြတ်ဆိုတဲ့ထိုလူ့နာမည်က ငယ်ရွယ်
သေးသူကလေးအရွယ် သူ့ရင်ထဲမှာ မုန်းတီးစွာမှတ်
သိမ်းထားခဲ့သော နာမည်တစ်ခုဖြစ်လာခဲ့သည်။
ဒီလိုနဲ့ ကလေးဘဝအရွယ်ဆယ်နှစ်သားဘဝကနေစပြီး ထိုလူ့အကြောင်းသိခံ့ရတဲ့သူ
ကိုယ့်ကိုကိုယ်ထိန်းကျောင်းနိုင်သော
ဆယ့်ငါး၊ဆယ့်ခြောက်၊ဆယ့်ခုနစ်ဆိုသောအရွယ်ကို
ရောက်လာတဲ့အချိန်မှာတော့
ထိုလူကြီးကိုမုန်းတီးခဲ့တဲ့USမှာသာကြီးပြင်းပြီး
တော့ ထိုနိုင်ငံမှာသာပညာသင်နေတဲ့သူ့အနေနဲ့
ပါးဆီကသိထားရတဲ့ထိုလူ့ဘဝအကြောင်းအရာအရ…
သူ့နဲတစ်နိုင်ငံတည်းမှာရှိနေသော ထိုလူ့သတင်းမှန်သမျှကိုသိရအောင် သူ့အနားကအထိန်းတော်တွေကိုမခိုင်းဘဲ
သူကိုယ်တိုင်ကိုယ်ကျ အကုန်စုံစမ်းရုံတင်သာမက
ထိုလူသွားတတ်တဲ့နေရာတွေကိုပါ
သူ့တစ်ယောက်တည်း ထိုလူသွားရာနောက်ကို
တစ်ကောက်ကောက်လိုက်မိတတ်သေးသည်။
ထိုသို့ထိုလူ့သတင်းစုံစမ်း၊ထိုလူ့နောက်လိုက်နေမိတာတွေက ထိုလူ့အပေါ်မုန်းတီးစိတ်ကြောင့်
သူ့လက်စားချေမှုအစီအစဉ်အတွက်သာ
လုပ်နေမိတယ်ဆိုတာတော့ သူ့အနေနဲ့ကောင်း
ကောင်းသိသည်။
သို့ပေမယ့် ပညာသင်ယူနေရဆဲ သူ့အနေနဲ့
ကျောင်းဖွင့်ရက်တွေဆို ကျောင်းစာတွေသာ
လုပ်နေရသူမို့…
ထိုလူ့သတင်းမသိရတဲ့နေ့၊ထိုလူ့နောက်
မလိုက်ရတဲ့နေ့တွေများမှာဆိုရင်တော့ သူ့ရင်ထဲတစ်ခုခုလိုအပ်နေသလိုလို ခံစားရတာတော့အမှန်ပင်။
ထိုအရာကို ယခုထိတိုင် မုန်းတီးမှုလို့သာ သူက
ခေါင်းစဉ်တပ်ခဲ့မိသည်။
ထိုခေါင်းစဉ်အောက်ကလည်း သူရုန်းထွက်လိမ့်မည်
မဟုတ်။
အခုလည်း သူအလွန်မုန်းတီးသူ ထိုလူ့ခြံဝင်းအရှေ့
မှာ ကားရပ်ကာနေမိနေတုန်း
ခမ်းနားထည်ဝါတဲ့ထိုအိမ်ကြီးထဲကနေ ထွက်လာပြီး
တော့ ကားတစ်စီးပေါ်သို့တက်ကာခြံအနောက်
ဘက်ထွက်သွားတဲ့ထိုလူ့ကိုမြင်တွေ့လိုက်ရတဲ့
တစ်ခဏ
ဘာကြောင့်မှန်းမသိ သူ့ရင်ထဲမှာ မုန်းတီးမှုနဲ့ဒွန်တွဲကာ
ဖြစ်တည်လာတဲ့ ခံစားချက်တစ်ခုရှိလို့နေပေသည်။
ESTÁS LEYENDO
အမုန်းသင့် အိပ်မက် ( Z+U)
Romanceအမုန်းသင့်နေသော အိပ်မက်ကနေနိုးထစေနိုင်တာ အချစ်တစ်ခုတည်းသာရှိတာပါ။