အမုန်းသင့် အိပ်မက် Part.10

2.2K 63 8
                                    

အမုန်းသင့် အိပ်မက်

      Part.10

Writer - SaungAngel. ( Author _ M )

       ဆယ့်ရှစ်နှစ်ခန့်ကြာလေသော်…....

၂၀၁၉ခုနှစ် မေလ ၂၀

*မိုးသားပြာပြာ နေသာသာ
ထက်ကောင်းကင်တစ်ခွင် တိမ်စိုင်တိမ်တောင်
ဖြန့်ကာခင်းလို့
ရံဖန်ရံခါ  ဖွဲဖွဲရွာချ
မိုးစက်ပေါက်ငယ် ကကြိုးဆင်တဲ့
ဤမေလအချိန်သမယ
နွေမကုန်တကုန် မိုးမကူးတစ်ကူး
နေ့တစ်နေ့ဝယ်
အပြန်ခရီးနှင်လာပါသော လူသား၏နှလုံးသား
လွန်လေနှစ်ပေါင်းများစွာအချိန်အခါ
ချစ်သူကွေကွင်း မခံရက်နိုင်
ကွဲကြေနှလုံးသား သေကာဆုံးတော့
အပြုံးတုကိုမျက်နှာဆင်
ကျောက်ဆစ်နှလုံးသား နေရာယူလို့
ချစ်ခြင်းဟူသမျှ ပျောက်ရှခဲ့ကာ
အထီးကျန်မှု အဖော်ပြုလို့ လွမ်းစိတ်မပြေ
ဘယ်ခါမမေ့ ဘဝအဆက်ဆက်
ချစ်နေပါ့မယ် ချစ်ဦးသူ*

ကဗျာမဆန် စာမမည်တဲ့ နှလုံးသားရင်ဖွင့်စာစောင်
လေးကတော့ တစ်ယောက်သူ၏နှလုံးသားအိမ်ထဲ
မှ ပေါက်ဖွားလာသောစာစောင်လေးပင်ဖြစ်လေ၏။
ထိုစာစောင်လေးကိုတော့ မည်သည့်စာတိုက်ကိုမှ
ပေးပို့မှာမဟုတ်တော့ဘဲ
သူ့နှလုံးသားစာတိုက်မှာသာ အပြီးတိုင်သိမ်းထား
တော့မည်ပင်ဖြစ်လေ၏။
ထိုစာစောင်လေးချရေးထားတဲ့ စာရွက်လေးကို
ခေါက်ကာသိမ်းရင်း
အမိမြေကိုဆင်းသက်နေပြီဖြစ်တဲ့ လေယာဉ်ကြီး
ပေါ်လိုက်ပါလာသူတစ်ဦး။
လေယာဉ်ကြီး အမိမြေပေါ်ဆင်းသက်လို့ပြီးသည်နှင့်
သူ့နံဘေးမှာ အိပ်ပျော်နေသော သားဖြစ်သူအား
နှိုးလိုက်ကာ…
သားဖြစ်သူနှင့်အတူ
လေယာဉ်ကြီးပေါ်မှနေ ဆင်းလာသောသူ့အား
လေဆိပ်အဝင်အထွက်ပေါက်နေရာကနေ
အသင့်စောင့်ကြိုနေကြတဲ့ သူ့ရဲ့အနီးကပ်ကိုယ်ရံတော် ဆယ်ယောက်နှင့်အတူ
ထွက်လာပါသောအသက်လေးဆယ့်လေးနှစ်အရွယ် လူကြီးလူကောင်းဆန်ဆန် လူလတ်ပိုင်းအရွယ်
လူတစ်ဦး…
ထိုသူကတော့ မြန်မာနိုင်ငံ၏အချမ်းသာဆုံးထိပ်တန်း
စာရင်းဝင် သူဌေးကြီးတစ်ဦးပင်။
သူ့အနားက အသက်ဆယ့်ရှစ်အရွယ်ဖြူဖြူသွယ်သွယ်
ချစ်စရာဖွယ်မျက်နှာအသွင်လေးဖြင့်
လူငယ်လေးကတော့…
သူ့အမွေဆက်ခံသူတစ်ဦးဖြစ်လာမယ့်
သူ့ရဲ့တစ်ဦးတည်းသား။

အမုန်းသင့် အိပ်မက် ( Z+U)Opowieści tętniące życiem. Odkryj je teraz