အမုန်းသင့် အိပ်မက်
Part.27
Writer - SaungAngel. ( Author _ M )
“ အဲလေး…”
“ ထမင်းလည်းစားပြီးပြီဆိုတော့…
ဒါလေးပါထပ်သောက်လိုက်…”
” ကိုကိုဖောက်ထားပေးပြီးပြီ…”ဂျင်းဆင်းဆေးရည်ထုပ်ကို သူ့အားကမ်း
ပေးတဲ့ ကိုကို့ဆီကနေ ဆေးထုပ်ကိုကမ်းယူလိုက်တဲ့
ဦးဝသုန်။
သူသောက်ဖို့အတွက် အသင့်ဖောက်ကာထားပေးတဲ့
ကိုကို့စေတနာတွေပါတဲ့ ထိုဆေးရည်ထုပ်လေးကို
ကုန်အောင်သာသောက်လိုက်လေ၏။“ အဲလေး…မျက်နှာလည်းမလှဘူး…”
“ ဘာဖြစ်လို့လဲ…”
“ နေလို့မကောင်းတဲ့နေရာရှိလာလို့လား…”
“ မှန်းစမ်း…ကိုယ်ပူနေပြီလားလို့…”အစောပိုင်းက အဲလေးအပေါ်သူအချစ်များထားမိလို့
များ အဲလေးတစ်ခုခုဖြစ်နေတာလားဆိုတဲ့အတွေးနဲ့
အဲလေးရဲ့နဖူးပေါ်လက်တင်ကာစမ်းလိုက်တဲ့
မှူးသက်နေခတစ်ဖြစ်မှူးသက်ရှင်းကို။“ ကိုယ်လည်းမပူပါဘူး…”
“ ပုံမှန်လောက်ပါပဲ…”သူ့နဖူးကိုစမ်းလိုက်၊ကိုကို့နဖူးကို ကိုကိုပြန်စမ်းလိုက်နဲ့
သူ့အားစိတ်ပူလို့နေသော ကိုကို့ရင်ခွင်အားဖက်ကာ
ထားလိုက်တဲ့ ဦးဝသုန်။“ အဲလေး…”
“ ကိုကိုစိတ်ပူလာပြီ…”
“ ဘာဖြစ်နေလဲဆိုတာ…ကိုကို့ကိုပြောဦးလေ…”
“ အခုလိုကြီးတိတ်မနေနဲ့…”
“ တစ်ခုခုတော့ပြောဦးလေကွာ…”
“ အဲ့လိုတိတ်နေတာကြီးကို…ကိုကိုမကြိုက်ဘူး…”
သူ့ကိုယ်အားဖက်ထားပြီးတော့
သူ့ရင်ခွင်ထဲမှာမျက်နှာအပ်ပြီးနေနေတဲ့ အဲလေးဆီ
မှသက်ပြင်းချသံသဲ့သဲ့ကလေးကြားနေရတာကြောင့်
ရင်တွေပူလို့နေရပါသော ခ။“ ကိုကို…”
“ ပြောလေ…အဲလေး…”
“ ကိုကို့ဒယ်ဒီက…အဲလေးအပြစ်တွေခွင့်လွှတ်
နားလည်ပေးပေမယ့်…”
“ သားခဆက်ရဲ့အဖိုးနဲ့အဖွားကတော့…သူတို့သားရှိန်းမင်းခကိုသေစေခဲ့တဲ့အဲလေးရဲ့အပြစ်တွေကိုခွင့်လွှတ်မယ်မထင်ဘူး…”
“ သူတို့သာခွင့်မလွှတ်ရင်…အဲလေးလေ…ကိုကို့ကိုထားပြီးတော့…အဲလေးအပြစ်အတွက်အပြစ်ခံယူဖို့
သွားရတော့မှာ…”
“ အဲဒီလိုသာဆိုရင်…အဲလေး…ကိုကိုနဲ့အကြာကြီး
ခွဲပြီးနေရတော့မယ်ထင်တယ်…”
ဝမ်းနည်းကြေကွဲနေသောချစ်ရသူ၏စကားသံက
သူ့ရင်ကိုပါကူးစက်ကာဝမ်းနည်းမှုလှိုင်းရိုက်ခတ်လာတာမို့…
VOUS LISEZ
အမုန်းသင့် အိပ်မက် ( Z+U)
Roman d'amourအမုန်းသင့်နေသော အိပ်မက်ကနေနိုးထစေနိုင်တာ အချစ်တစ်ခုတည်းသာရှိတာပါ။