အမုန်းသင့် အိပ်မက်
Part.26
Writer - SaungAngel ( Author _ M )
၂၀၁၉ခုနှစ် မေလ ၂၂၏ မိုးသားတွေအုံ့ဆိုင်း
နေသော မနက်ဆယ်နာရီဝန်းကျင်အချိန်။“ ဝါးး…”
“ မုန်းစိတ်ကူးထဲကနေရာလေး…”ညီလေးဝသုန်နှင့်သူ့သားတော်မောင်ကို
အေးအေးလူလူနေလို့ရအောင်ရှောင်ထွက်လာပေးတဲ့သဘောဖြင့်
သူ့ကလေးလက်ကိုဆွဲလို့ စံအိမ်အထဲကနေထွက်ကာ
စံအိမ်အရှေ့ဘက်မှာအသင့်ရပ်ထားသော
သူ့ကိုယ်ပိုင်ကားပေါ်တက်စေပြီး
ကားကိုကိုယ်တိုင်မောင်းလို့အလွန်တရာဝေးသော
စံအိမ်ရဲ့အနောက်ဘက်ဆီသို့ ကားမောင်းရင်းလာခဲ့
ပါသော ဦးနေသျှိုင်း။
စံအိမ်အနောက်ဘက်သို့ရောက်တာနဲ့ ကားပေါ်ကနေ
ဆင်းဆင်းချင်းပင်
သူ့ကိုတောင်မစောင့်ဘဲ သေနတ်ပစ်ကွင်းရဲ့
အဆောက်အအုံဆီသို့သွားနေသော သူ့ကလေးလေး။“ ဒိုင်း…”
“ ဒိုင်း…”
“ ဒိုင်း…”သေနတ်ပစ်ကွင်းနေရာမှာဆောက်လုပ်ထားသော
အဆောက်အအုံအတွင်းမှာ အသင့်ရပ်စောင့်နေကြတဲ့
သူ့ကိုယ်ရံတော်တွေဆီကနေ သေနတ်တစ်လက်ကို
ယူပြီးတော့ ပစ်မှတ်နေရာဆီသို့ချိန်ကာ
ပစ်မှတ်ဗဟိုကို သုံးခါပစ်၊သုံးခါစလုံးထိမှန်အောင်
ပစ်နိုင်သော သူ့ကလေးလေးရဲ့ပစ်ချက်ကြောင့်“ ဖြောင်း…ဖြောင်း…ဖြောင်း…”
လက်ခုပ်တီးကာ သူ့ကလေးလေးရဲ့သေနတ်ပစ်ခတ်မှု
စွမ်းရည်ကို ဂုဏ်ပြုလိုက်တဲ့ ဦးနေသျှိုင်း။“ ဦးနေကတော့…လုပ်ပြီ…”
“ ကိုယ်ဘာလုပ်မိလို့လဲ…”
“ လက်ခုပ်တီးတာလေ…”
“ အဲဒါကိုယ့်ကလေးတော်လို့…ကိုယ်ကဂုဏ်ပြုလက်ခုပ်တီးတာလေ…”
“ အဲ့လိုလုပ်စရာလားလို့…”
“ မုန်းအနေခက်တာပေါ့…”“ ဘာကိုအနေခက်တာလဲ…”
“ သေနတ်ပစ်တဲ့နေရာမှာ…
မုန်းထက်အဆပေါင်းများစွာပိုတော်တဲ့…
ဦးနေကလက်ခုပ်တီးလို့…”
ESTÁS LEYENDO
အမုန်းသင့် အိပ်မက် ( Z+U)
Romanceအမုန်းသင့်နေသော အိပ်မက်ကနေနိုးထစေနိုင်တာ အချစ်တစ်ခုတည်းသာရှိတာပါ။