အမုန်းသင့် အိပ်မက်
Part.22
Writer - SaungAngel. ( Author _ M)
၂၀၁၉ မေလ ၂၁ရက်၏ ညအမှောင်ရောက်ခါစ
ခုနစ်နာရီအချိန်။နေခနှလုံးသား စံအိမ်
“ ဦးနေ…ငြိမ်ငြိမ်နေ…”
“ မုန်းခွံ့ကျွေးမယ်…”“ ရတယ်…ကလေး…”
“ ကိုယ့်ဘာသာကိုယ်စားယူမယ်…”“ စကားမများနဲ့…ဦးနေ…”
“ မုန်းနှစ်ခါမပြောဘူး…”“ အင်းပါ…အင်းပါ…ကြိုက်သလိုသာလုပ်…”
“ အဲလိုမှပေါ့…”
ဒယ်ဒီနဲ့တေးတို့ရဲ့စကားနိုင်လုပွဲကြောင့်
ထမင်းစားပွဲကနေထထွက်သွားချင်စိတ်ပါပေါက်
နေပါသော မှူးသက်နေခ။
ထမင်းစားဇွန်းကို လက်နှစ်ဖက်စလုံးကျွမ်းကျင်စွာ
ကိုင်စားတတ်သူ ဒယ်ဒီအကြောင်းမသိရှာသော
တေးနှင့်
အတင်းကြီးကို သူ့ဒယ်ဒီအား
ထမင်းခွံ့ကျွေးချင်နေပါသော သူငယ်ချင်းဖြစ်သူ တေး
တို့အကြား
ခေါင်းတခါခါနဲ့ စိတ်ညစ်နေရရှာပါသော ခ။“ စားလို့အဆင်ပြေရဲ့လား…ဦးနေ…”
“ ထမင်းလုတ်ကြီးသွားသေးလား…”သူ့ကိုကိုယ်တိုင်ထမင်းခွံ့ကျွေးနေရှာသော ထိုကလေး
ကသူစားရတာအဆင်မပြေဖြစ်မှာကိုအလွန်ပူနေသော
ကြောင့် ရင်ထဲပီတိဖြစ်နေတဲ့ ဦးနေသျှိုင်း။“ မကြီးဘူး…အနေတော်ပဲ…”
သူ့ဘဝမှာ ဘယ်သူ့ကိုမှထမင်းခွံ့မကျွေးတတ်ခဲ့ဖူး
သော မုန်း။*တော်ပါသေးရဲ့ ဦးနေစားရအဆင်ပြေလို့သာပဲ
မဟုတ်ရင် ငါကလည်း ထမင်းကိုအခုမှစခွံ့ကျွေးဖူး
တာနဲ့
ဦးနေအပေါ် အားနာစရာဖြစ်ကုန်မှာ*“ ဒါဆို…နောက်တစ်လုတ်အတွက်ဘယ်ဟင်း
နဲ့စားချင်လဲ…ဦးနေ…”
“ ကြက်အသည်းဆီပြန်လား…ငါးရံ့ဆီပြန်လား…
ဘဲအချိုပေါင်းလား…”“ ကြက်အသည်း…”
“ အိုကေ…”
ထမင်းကိုဇွန်းဖြင့်အနေတော်တစ်လုတ်စားအရင်ခပ်
လို့ပြီးတော့မှ
ဦးနေစားချင်တဲ့ ကြက်အသည်းဆီပြန်ဟင်းထည့်
ထားသောခွက်မှနေ အနေတော်လှီးထားသောကြက်
အသည်းတစ်ခုကိုတူဖြင့်ညှပ်ယူကာ ထမင်းပေါ်
တင်လိုက်ပြီးတော့မှ ဦးနေအားခွံ့ကျွေးလိုက်ပါသော မုန်း။
YOU ARE READING
အမုန်းသင့် အိပ်မက် ( Z+U)
Romanceအမုန်းသင့်နေသော အိပ်မက်ကနေနိုးထစေနိုင်တာ အချစ်တစ်ခုတည်းသာရှိတာပါ။