အမုန်းသင့် အိပ်မက် Part.23

1.2K 39 32
                                    

အမုန်းသင့် အိပ်မက်

Part.23

Writer - SaungAngel ( Author _ M )

နေခနှလုံးသားစံအိမ်အတွင်းပိုင်းရှိ လျို့ဝှက်ခန်းတစ်ခု
အတွင်း။

     “ ကောင်လေးနောက်ကြောင်းကိုစုံစမ်းလို့ရပြီလား…”

     “ အရမ်းကိုလျို့ဝှက်လွန်းနေပါတယ်…
သခင်ကြီး…”

     “ ဘာကြောင့်လဲ…”

      “ အဲဒီကောင်လေး…အခုစီးလာတဲ့ကားနံပါတ်အတိုင်းစုံစမ်းကြည့်တော့…”
     “ Top Secret VVIPစာရင်းဝင်ဖြစ်နေပါတယ်…”

*အခုမှအသက်ပြည့်ကာစ ကလေးတစ်ယောက်ကို
စိတ်ကြိုက်ကားမောင်းခွင့်ပေးထားတာကိုက
မဟုတ်သေးဘူး။
သူတောင် သားခကိုကားမောင်းသင်ထားပေးပေမယ့်
ုသူမပါရင် အပြင်ကိုလျှောက်မောင်းခွင့်လုံးဝကိုမပြု
တာ။
ဒီအရွယ်ကလေးတွေဆိုတာက စိတ်မြန်လက်မြန်နဲ့
သူတို့လေးတွေတစ်ခုခုဆို ကိုယ်ပဲရင်ကျိုးရမှာလေ*

ကိုယ့်နဲ့တောင် ဘာမှမတော်ရသေးပါသော ထိုကလေးအတွက်ကြိုလို့ကာ ပူပန်နေပါပြီဖြစ်တဲ့ ဦးနေသျှိုင်း။

     “ အဲဒါကိုဆက်မစုံစမ်းနဲ့တော့…”
     “ နောက်ထပ်…အဲဒီကောင်လေးနဲ့
ပတ်သက်တာ…ဘာသိလာရသေးလဲ…”

အမည်မဖော်လိုသောကားပိုင်ရှင်တွေအတွက်
စီစဉ်ပေးထားတဲ့စာရင်းထဲပါနေသူတစ်ယောက်ကို
ဆက်စုံစမ်းနေရင် စုံစမ်းသူသာမောရုံရှိပေမည်။
သူကိုယ်လည်း ထိုစာရင်းရဲ့ထိပ်ဆုံးနေရာကပါသူမို့
သူ့လူကိုအပင်ပန်းမခံစေလိုတဲ့အတွက် အခုလိုပြော
လိုက်ပါသော ဦးနေသျှိုင်း။

    “ ကောင်လေးကို…မြို့ထဲကလူတော်တော်များများ…မမြင်ဖူးကြတဲ့အပြင်…”
     “ ဘယ်က မင်းသားပုံယူလာပြတာလဲဆို
ပြီးတော့ကို…ကျွန်တော်အပြောခံထိလာတာပါ…”

သူရစကားကြောင့် ပြုံးမိသွားတဲ့ ဦးနေသျှိုင်း။
ထိုလူတွေပြောသလိုပဲ ကျုပ်ကလေးလေးက
တကယ့်ကိုချောတာ။
အသားအရေလေးကတကယ့်ကိုထိရက်စရာမရှိ
လောက်အောင် ဖြူဖွေးနုနေတာပဲ။
ယောကျာ်းဆန်ဆန်မေးရိုးကားကားရယ်
မည်းနက်နေတဲ့ မျက်ခုံးတန်းလေးတွေရယ်
အဲဒါပြီးတော့ မျက်တောင်လှလှလေးတွေခပ်စိပ်စိပ်
အောက်က
မျက်ဆန်နက်နက်လေးတွေပါတဲ့မျက်ဝန်းအိမ်လှလှ
လေးအပြင်လေ
ထင်းနေတဲ့ နှာတံသွယ်သွယ်ကလည်းရှိသေး
အဲဒါတွေထက်  သဘာဝအတိုင်းနီရဲနေပြီးသား
ကလေးရဲ့နှုတ်ခမ်းသားတွေကလေ တကယ့်ကို
သူ့ရင်ကိုကိုင်လှုပ်နိုင်တဲ့အရာပဲ။

အမုန်းသင့် အိပ်မက် ( Z+U)Tempat cerita menjadi hidup. Temukan sekarang