အမုန်းသင့် အိပ်မက်
Part.16
Writer - SaungAngel. ( Author _ M )
အမုန်းဆက် စံအိမ်
“ သခင်ကြီး…နိုးလာပါပြီလား…”
“ အင်…”
“ ခဆက်ရော…မနိုးသေးဘူးလား…”“ သခင်လေးကနိုးလို့…အပြင်တောင်ထွက်သွား
ပါပြီ…”“ ဘယ်တုန်းက…ထွက်သွားတာလဲ…”
“ သခင်ကြီးမနိုးခင်လေးတင်ပါ…”
မနက်ငါးနာရီဆို ပုံမှန်နိုးနေကျမို့
မျက်နှာသစ်အဝတ်အစားလဲဝတ်လို့ပြီးတာနဲ့
စံအိမ်အောက်ထပ်ဆီဆင်းလာတဲ့သူ့ကိုမြင်မြင်ချင်း
နှုတ်ခွန်းဆက်စကားပြောလာတဲ့ ဦးဟန်ဆီကနေ
ခဆက်က မိုးတောင်မလင်းသေးဘဲ
အပြင်ကိုထွက်သွားတယ်ဆိုတဲ့အကြောင်းကြားကြား
ချင်း ခြေပါမခိုင်ချင်ဖြစ်သွားရတဲ့ ဦးဝသုန်လေမာန်။
အကြောင်းတစ်စုံတစ်ရာကြောင့်သာ ခဆက်ကို
မွေးကင်းစကလေးဘဝကတည်းက USမှာရှိတဲ့
သူ့အပိုင်စံအိမ်မှာ အထိန်းတော်အခြွေအရံတွေဖြင့်
ထားထားရပေမယ့်လည်း
ထိုစံအိမ်ကလူတွေကို ခဆက်အကြောင်းမှန်သမျှ
သူ့ဆီပို့ဖို့ညွှန်ကြားထားတတ်သူပင်။
ခဆက်လေးအရွယ်ရောက်ကာ
အသက်ဆယ့်ခြောက်နှစ်ပြည့်တဲ့နှစ်ရောက်တာနဲ့
ကျောင်းပိတ်ရက်တွေရတိုင်း သူ့ဆီအလည်ခေါ်ထား
ရတာကလည်း
အနေဝေးတဲ့သူ့အပေါ် ခဆက်က
သူစိမ်းတစ်ယောက်လိုသဘောထားလာမှာကို
မလိုလားသောကြောင့်ပင်။
ထိုသို့ သူ့ဆီခဆက်လေးအလည်ရောက်လာတိုင်း
လည်း ဘယ်သွားသွားသူ့ခွင့်ပြုချက်မပါဘဲ အပြင်
ထွက်ခွင့်မပေးခဲ့ချေ။
အခုတော့ ခဆက်က သူ့ကိုတောင်ခွင့်ပြုချက်
မတောင်းဘဲအပြင်ထွက်သွားတယ်ဆိုတာ
သူ့ကိုအလေးမထားတော့တာလား။
ဒါမှမဟုတ်
အခု ခဆက်သွားတဲ့နေရာက သူမသိသင့်ဘူးလို့
တွေးထင်ပြီးတော့ ခဆက်က သူ့ကိုမပြောသွားတာလား။
ဒါဆိုရင်တော့ ခဆက် မင်းလွန်တယ်လို့
ငါသတ်မှတ်မိတော့မယ်။
့
“ ဘယ်သွားမယ်လို့…ပြောသွားသေးလား…”ခဆက်က
ဦးဟန်ကိုတော့ပြောသွားလောက်ပါတယ်လို့
ထင်မှတ်ကာ မေးလိုက်တဲ့ ဦးဝသုန်။

BẠN ĐANG ĐỌC
အမုန်းသင့် အိပ်မက် ( Z+U)
Lãng mạnအမုန်းသင့်နေသော အိပ်မက်ကနေနိုးထစေနိုင်တာ အချစ်တစ်ခုတည်းသာရှိတာပါ။