"ကော... ကျွန်တော်လှလား"
သူ့ရှေ့ကပန်းချီကို outline ချနေရင်း ကောင်လေးရှိရာ လှမ်းကြည့်မိတော့ အင်္ကျီမ၀တ်ထားတဲ့ရင်ဘတ်မှာ ခြယ်ထားတဲ့ရောင်စုံဆေးတွေကို သူ့ဘာသာတို့ထိဆော့ရင်း ရိပေါ်က သွားဖြူဖြူတွေပေါ်တဲ့အထိ ပြုံးပြနေသည်..
ယောက်ျားလေးက လှလား ဆိုပြီးမေးစရာလားလို့ သူတွေးမိပေမယ့် ကောကအရမ်းလှတာပဲလို့ တဖွဖွရေရွတ်နေကျ ကောင်လေးကမေးတာဆိုတော့လဲ သိပ်တော့မဆန်း
" မင်းကျေနပ်ရင် ပြီးတာပဲ "
" ကောကလဲ... "
" အရမ်းမလှုပ်နဲ့.. ငါ tone ချိန်နေတယ် "
ရိပေါ် ငြိမ်နေလိုက်ပြီး သူရှေ့က ကောကိုပဲ ထိုင်ငေးနေလိုက်တော့သည်...
ပန်းချီကားဆီ နစ်ဝင်လိုက် သူ့ဘက်ကို ပြန်လှမ်းကြည့်လိုက်လုပ်နေသည့် ကောမျက်ဝန်းတွေက သူ့မျက်ဝန်းတွေဆီ ယောင်လို့တောင်ရောက်မလာ..
နဲနဲအလိုမကျပေမယ့် ဒီအချိန်လေးပဲ သူ့စိတ်တိုင်းကျငေးကြည့်ခွင့်ဆိုတာ ရှိတာမို့ မဖြစ်မနေမို့သာ မျက်တောင်ခတ်နေရတဲ့ စက္ကန့်ဝက်စာလောက်တောင် သူတွန့်တိုချင်နေသေးသည်..ကောက အရမ်းလှတာပဲ..
အင်း..သူ့ ကျန့်ကော ကအရမ်းလှတာ..မင်းထွက်သွားစမ်းလို့ အော်လိုက်တိုင်း ကျုံ့တက်သွားတဲ့ မျက်ခုံးလေးတွေက အစ..
မင်းမျက်နှာမမြင်ချင်ဘူးဆိုပြီး တွန်းထုတ်တတ်တိုင်းရလာတဲ့ ကောလက်ဖဝါးတွေရဲ့အထိအတွေ့လေးကအစ..
ကောကိုချစ်တယ် ပြောမိလို့ အထိုးခံရတိုင်း ပိုင်ဆိုင်လာရတဲ့ သူ့မျက်နှာပေါ်က ခရမ်းရောင်ဒဏ်ရာလေးတွေက အစ..အင်း.. သူ့မြတ်နိုးမှုတွေက အဆုံးသတ်မရှိဘူး..
" ရိပေါ် ငါပြောထားတဲ့ posture အတိုင်းပြန်နေပေး "
" ....အင်း ကော"
.
.
.
.
.ရိပေါ် ရေချိုးအဝတ်စားလဲပြီးထွက်လာတဲ့အထိ ကျန့်ကောက ပန်းချီကားလေးရှေ့မှာပဲရှိနေတုန်း..
ကောသိပ်ကြိုက်တဲ့ ဝါကျင့်ကျင့်မီးရောင်ရဲ့ အလင်းက တခန်းလုံးကို ဖြာဝေနေသည်..ကောက ခုံမြင့်ပေါ်မှာထိုင်ဆွဲနေတာမို့ မတ်တပ်ရပ်နေတဲ့ရိပေါ်ထက် မဆိုသလောက်လေးသာနိမ့်နေသည်..၊
တကုပ်ကုပ်နဲ့ စုတ်တံတွေပေါ်ပဲဈာန်ဝင်နေတဲ့ ကောဆီလျှောက်သွားပြီး သူအနောက်ကနေ သိုင်းဖက်လိုက်သည်...
သူတို့ကြားလစ်လပ်မှုမရှိစေရ..
YOU ARE READING
Before I Let You Go
General Fictionခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about happy ending so read at your own risk.