[ Zawgyi ]
" မျက်နှာက စူပုတ်မနေနဲ့လေ ငါ အဲဒါတွေပါလိုက်ပြောနေရမှာလား "
" ကောကြောင့်ရောက်လာတာနော် ကျွန်တော့်ကို လာမမဲနဲ့ "
အခု ရိပေါ်တယောက် ကုမ္ပဏီနှစ်ခုပူးပေါင်းတဲ့ ညစာစားပွဲမှာ အပြုံးတုကြီးနဲ့ ငုတ်တုတ်ထိုင်နေရတယ်..
ဘေးက ကျိရန်ကိုကြည့်တော့လဲ ထူးမခြားနား..
သူ့ထက် ပိုဆိုးတာကတော့ လာနှုတ်ဆက်သမျှလူကို ကျိရန်ကောက စကားပြန်ပြောနေရတာပဲ..အဆင်မပြေဘူး..
ဘယ်လိုမှ အဆင်မပြေဘူး..
သူ ဆေးရုံဆင်းတာ တပတ်ကျော်ပြီ..
ကျန့်ကောဆီ မရောက်သေးတာ ဖြစ်သင့်ရဲ့လား..လက်ရှိလွှင့်နေတဲ့ဇာတ်လမ်းက ထင်ထားသလို အောင်မြင်တာမို့ အင်တာဗျူးတွေက ဆက်တိုက်..
ဆေးရုံရောက်နေတဲ့အချိန်အတွက် လစ်လပ်သွားတဲ့ အလုပ်တွေ အစားပြန်ဖြည့်ရတာတွေကလဲ နေ့တိုင်းနီးပါးပဲ..ဒီနေ့ညနေပိုင်းတော့ အားပြီဆိုပြီး ကျန့်ကောဆီပြေးမလို့ အားခဲထားတာ..
ရုတ်တရတ်ပေါ်လာတဲ့ဒီပွဲက ကျိရန်ကောကြောင့်ဖြစ်ပြန်တယ်..
သူနဲ့ဟောက်ရွှမ်းသွားရမှာကို မသွားချင်လို့ဆိုပြီး ဝမ်ရိပေါ်ကို လာချောဆွဲသွားတာပဲ...ပိုင်ရှင်မရှိသေးတဲ့ တတိယ ဘီးလုံးလေးရဲ့အဖြစ်က သနားဖို့ကောင်းလွန်းတယ်..
သူ.. သူ့ကျန့်ကောကို လွမ်းလိုက်တာ..." ခဏအပြင်ထွက်လိုက်ဦးမယ် "
" သွား "
" ကော စွတ်ဆက်သောက်မနေနဲ့နော် ကျွန်တော် ချီပြီးမပြန်နိုင်ဘူး "
" လျှာရှည်တယ်..သွားမှာဖြင့်သွားစမ်းပါ "
CEO ရဲ့ crush ခံရတဲ့ဘဝဆိုတော့ ဝမ်ရိပေါ်ကို ဟောက်လားဟမ်းလား လုပ်နိုင်တဲ့ ဘုရားစူးမန်နေဂျာကြီးပါပေါ့..။
.
.
ဒီဟိုတယ်က ဟိတ်ကြီးဟန်ကြီးများလွန်းတယ်လို့ သူထင်တယ်..
အဓိကကတော့ ဆေးလိပ်သောက်စရာနေရာရှားတာပဲ..နေရာကွက်ကြားရှိနေတဲ့ လူတွေကိုတွေ့တော့ ကုတ်အင်္ကျီထဲက ဆေးလိပ်ဘူးကို သူမထုတ်ဖြစ်တာ့..
အထဲလဲပြန်မဝင်ချင်သေးတာမို့ မှန်တွေကာထားတဲ့ နံရံဆီပဲလျှောက်သွားလိုက်တယ်..
ဘယ်သူနဲ့မှ မတွေ့ချင်တာမို့ တိုင်လုံးခပ်ကြီးကြီးကို မှီပြီး ကွယ်ရပ်လိုက်ရင်း မျက်စိရှေ့ကမြင်ကွင်းဆီ အကြည့်ရောက်သွားတယ်..
YOU ARE READING
Before I Let You Go
General Fictionခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about happy ending so read at your own risk.