. 6 .

19K 2.1K 141
                                    

[ Zawgyi ]

"  ဟောက်ရွှမ်း "

" ဘာလဲ "

" ငါ့ကော လက်က ဖောင်းဖောင်းလေး သိလား "

မနက် လေးနာရီထဲက အိပ်မပျော်ဘူးဆိုကာ သူ့အိမ်ရောက်ချလာပြီး သူ့ကျန့်ကောကို လက်ကိုင်ခဲ့ရကြောင်း မမောတမ်းပြောနေတဲ့ ဝမ်ရိပေါ်နဲ့
အိပ်ရေးပျက်ပါတယ်အော်ပြီး ပြန်မအိပ်ဘဲ ဆဲဆိုပြီး ပြန်ငြင်းနေတဲ့  ဟောက်ရွှမ်း..

" အဲ့တော့ ဘာဖြစ်လဲ.. ငါ့ကောလက်ကမှ သွယ်သွယ်လေး "

" အမယ် ငါ့ကောလက်က မနွေးပေမယ့် နူးနူးညံ့ညံ့လေးကွ "

" ငါ့ကောဆို နွေးနေပေမယ့် ငါ့ကိုတအားရိုက်တော့ လက်ကြမ်းလေးနေမယ် "

ငါ့ကောချင်းထပ်ကာ မျက်တွင်းဟောက်ပတ်နဲ့ ထိုင်ငြင်းနေတဲ့ နှစ်ယောက်ကိုကြည့်ပြီး ပြုံးနေသူက ကျိရန်.. 
ဘယ်သူတွေ ဘယ်လို မြင်မြင် ဒီနှစ်ယောက်က သူ့အတွက်တော့ ငယ်ငယ်က ပါဝါရိန်းဂျား လုပ်တိုင်းဆော့ခဲ့တဲ့ ကလေးနှစ်ယောက်သက်သက်ရယ်..

ကော်ဖီဗန်းကိုင်ပြီးရောက်လာတဲ့ ကျိရန်က သူတို့နှစ်ယောက်ရှေ့က ဆိုဖာမှာဝင်ထိုင်တော့ သူ့ဘေးကိုချက်ချင်းရောက်လာတဲ့ ဟောက်ရွှမ်း...၊
မျက်နှာကလဲ စူပုတ်နေတာမို့..

" ဘာဖြစ်ပြန်ပြီလဲ "

" ကျွန်တော်ရှုံးသွားပြီ "

ကောချင်းပြိုင်ပြောနေရာကနေ ဟောက်ရွှမ်းက ရှုံးသွားပီဆိုတော့ ငါပါရှုံးသွားတာလားလို့ အတွေးလေးကဝင်လာလိုက်သေးတာမို့..

" ဘာကိုလဲ "

" ဟိုကောင်ကပြောတယ် "

" အင်း "

ကော်ဖီခွက်တွေချနေတဲ့ ကျိရန်ပုခုံးပေါ် ဟောက်ရွှမ်းက သူ့တကိုယ်လုံးနီးပါး မှီချထားရင်း...

" သူ့ကောက အဲ့ကောင်ငိုတော့ ချော့တယ်တဲ့ "

ခပ်တိုးတိုးအသံလေးနဲ့အတူ ခေါင်းကိုပါ တိုးဝှေ့ ပွတ်သပ်နေသေးတာများ ခွေးပေါက်လေးလို...

" ကောကျ ကျွန်တော့်ကို ဘယ်တော့မှ မချော့ဘူး "

" မင်းက ကလေးလား "

Before I Let You GoWhere stories live. Discover now