[ Zawgyi ]
ဒီရက်ပိုင်းတွေမှာ ဝမ်ရိပေါ်အတွက် အရာရာက လှနေတယ်...
ရှုတင်ပျက်အောင် ရွာတဲ့ မိုးပြေးတွေလဲလှတယ်..
ခြေထောက်ထိပ်တွေနာအောင်လုပ်တဲ့ ဖိနပ်အသစ်တွေကလဲ လှတယ်..
အိပ်ရေးပျက်တိုင်း ပေါ်လာတတ်တဲ့ မျက်ကွင်းညိုတွေကလဲ လှတယ်..ဖုန်းထဲက ကျန့်ကောကို ဒီအကြောင်းတွေဖောက်သည်ချ ဖြစ်တဲ့အခါ ပြန်ဖြေတတ်တဲ့ အသံလေးကတော့ ပိုလှတာပေါ့...
အလွမ်းတွေနဲ့ နေသားမကျနိုင်တဲ့ ကနဦးရက်တွေမှာ ကျန့်ကောကို သူလွမ်းနေတယ်ဆိုတဲ့ အကြောင်းတွေကို ဖုန်းထဲကနေ သူတဖွဖွပြောဖြစ်တယ်..
ဝေးနေတဲ့ အချိန်တိုင်း မဝံ့မရဲစိတ်တွေ ဝမ်းနည်းစိတ်တွေနဲ့ပဲ ဖြတ်သန်းခဲ့ဖူးတဲ့သူမို့ အဲဒီလူရဲ့ ရယ်သံလေးတွေကြားရတဲ့အခါ သူငိုချင်လာတဲ့အထိ ပျော်သွားတတ်တာကလွဲရင် လွမ်းနေရတာ အဆင်ပြေပါတယ်..
.
.
.
ပြည်ပက အလုပ်ကိစ္စတွေသွားရတဲ့အခါ ရိပေါ်က အလုပ်ကို ပိုကြိုးစားဖြစ်တယ်..
မြန်မြန်ပြီးမှ မြန်မြန်ပြန်ပြီး မြန်မြန်ကျန့်ကော့ဆီသွားရမယ်ဆိုတဲ့ စိတ်နဲ့ အမှားမရှိအောင် သေချာဂရုစိုက်လုပ်လေရဲ့..အလွမ်းရဲ့ လက္ခဏာတွေ သူသိပ်မဖွဲ့နွဲ့တတ်ဘူး..
လွမ်းတယ်လွမ်းတယ်ဆိုပြီး လူရှေ့သူရှေ့ အော်နေလို့မဖြစ်တဲ့သူမို့ မခံမရပ်နိုင်အောင်သတိရလာရင် ယောင်ချာချာနဲ့ ဂျောင်လေးတစ်ဂျောင်သွားပုန်းပြီး ဖုန်းထဲက သူခိုးရိုက်ထားတဲ့ ကျန့်ကောပုံတွေ ခိုးခိုးကြည့်နေဖို့ပဲ တတ်နိုင်ပြန်တယ်..ရိပေါ်က ကျန့်ကောနဲ့ပတ်သတ်လာရင် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းတွေလဲ သိပ်ကိုချို့တဲ့လာတော့တာပဲ..
အခုဆို သွားလေရာကို ကင်မရာလေးတလုံး သယ်သွားတတ်တဲ့ အကျင့်လေးတစ်ခု တိုးလာလေရဲ့..
များသောအားဖြင့် ဟိုးတလောက ဝယ်ခဲ့တဲ့ အညိုရောင် ကင်မရာလေးပါပဲ..ကြွေကျနေတတ်တဲ့ သစ်ရွက်ခြောက်တွေ..
စီးကရက် အတိုအစတွေ..
ညနေတိုင်းသောက်ဖြစ်တဲ့ ကော်ဖီတွေ..
မိုးစိုထားတဲ့ မြေသားပွပွတွေ..
ပြီးတော့..
နေဝင်ချိန်တွေ..
YOU ARE READING
Before I Let You Go
General Fictionခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about happy ending so read at your own risk.