[Zawgyi]
ဝမ်ရိပေါ်ရဲ့ ဒီမနက်ခင်းက စီးကရက်နံ့နွေးနွေးနဲ့ အစပြုတယ်..
အနံ့ပြင်းတာ ဖျော့တာထက် ကျန့်ကောသောက်နေကျ စီးကရက်နံ့ဆိုတဲ့အသိက တူတူရှိနေရတယ်ဆိုတဲ့ ပျော်ရွှင်မှုကိုဖြစ်စေပြန်တော့ သူ့ရင်ကိုနွေးစေတာ သိပ်တော့မဆန်းဘူး မဟုတ်လား...အခန်းထဲကထွက်လာတော့ ထမင်းစားပွဲပေါ်က ဆေးလိပ်ပြာခွက် မီးသေကာစ ဆေးလိပ်တိုလေးကိုတွေ့ရတယ်..
သောက်ပီးကာစမို့ အငွေ့တွေ မကုန်သေးပေမယ့် ကျန့်ကောကိုတော့ မတွေ့ရသေး..၊" မင်း နိုးပြီလား "
အတွေးများနေတုန်း အနောက်ကထွက်လာတဲ့ အသံဆီလှည့်ကြည့်တော့ ရှောင်ကျန့်က အပေါ်ထပ်ကဆင်းလာတဲပုံ..
လက်မှာလဲ သူ့ကိုယ်လုံးထက်တောင် ကြီးချင်နေတဲ့ ပန်းချီကားတစ်ချပ်ကိုသယ်လို့..အင်း လို့ပြန်ဖြေရင်း သူ ရှောင်ကျန့်လက်ထဲက ပန်းချီကို လက်လွှဲယူဖို့လုပ်တော့ ရှောင်ကျန့်က ရတယ်ဆိုပြီး ငြင်းပြန်တယ်..
" ငါ မနက်စာပြင်ထားတယ် စားသွား "
စားပွဲပေါ်ကမနက်စာကို အာရုံမရောက်ဘဲ ဝမ်ရိပေါ်က ရှောင်ကျန့်နောက် တကောက်ကောက်လိုက်တယ်...
" စားသွားဆိုတော့ စားပြီးရင် သွားရတော့မှာလား "
" ..... "
" ပြန်မဖြေဘူးဆိုတော့ တကယ်မောင်းထုတ်တာလား ဟုတ်လား ကော..ဟင်လို့ "
"...... "
" ဒါနဲ့ ခုနက မင်းနဲ့ငါလို့ ပြောလိုက်လားလို့ "
" ..... "
" ကောပဲ အရင်လိုပြန်နေမယ်ဆို အခုကျတော့.. "
" ကဲ...ဝမ်ရိပေါ် "
" ဗျ "
ပန်းချီကားကို အောက်ချပြီး ရှောင်ကျန့် သူ့ကိုမျက်နှာချင်းဆိုင်လိုက်တာနဲ့ ရိပေါ်က ချက်ချင်းကို လိမ္မာတဲ့ကောင်လေး ဖြစ်သွားတော့တာပဲ..
ဂျစ်တစ်တစ်လေး ပြုံးပြနေတဲ့ ရိပေါ်မျက်နှာလေးကို ရှောင်ကျန့်က တချက်စိုက်ကြည့်တယ်..
ဆူပစ်ဖို့စကားတွေလဲ ဘယ်ထွက်ပြေးကုန်ပီလဲ မသိ..
YOU ARE READING
Before I Let You Go
General Fictionခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about happy ending so read at your own risk.