[ Zawgyi ]
မနက် ၅ နာရီ..
မလင်းမမှောင် အပြင်ဘက်က တိတ်တိတ်ဆိတ်ဆိတ်ပဲ..
တချက်တလေ သဲ့သဲ့ကြားရတတ်တဲ့ ဆေးရုံကားအသံတွေသာ မရှိရင် ပိုကောင်းမယ်လို့ သူတွေးမိသေး...ရိပေါ် ဒီရက်ပိုင်းတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာကြာပြီ..
တကယ်က သူ မေ့မျောပြီး တရက်လုံးနီးပါး အိပ်ပျော်ခဲ့တဲ့ နေ့ကလွဲပြီး နောက်နေ့တွေ ကောင်းကောင်းမှ အနားမယူဖြစ်ခဲ့ပဲလေ...
လက်ကဒဏ်ရာတွေက တချက်တချက်ကိုက်တယ်..
တခါတလေ ကိုယ်ပူထကြီးတတ်လို့ တကိုယ်လုံးချမ်စိမ့်နေတတ်တာက လွဲရင် သူ နေကောင်းနေပြီထင်တာပဲ..ဆေးတွေလဲ မသောက်ချင်ဘူး..
ဘာမှမဆိုင်ပေမယ့် ကျန့်ကောကိုလွမ်းတယ်..ကျန်းလီကျဲကပြောတော့ ဝမ်ရိပေါ်မှာ ရွေးချယ်ခွင့်ရှိသေးတယ်တဲ့..
သူ သိပ်တော့နားမလည်ချင်ဘူး..ဘာနဲ့ယှဉ်ပြီး ဘာကိုရွေးရမှာလဲဆိုတာကိုပေါ့..
ရှောင်ကျန့်ရဲ့ရောဂါအကြောင်းသိပြီးတဲ့နောက် သူနည်းနည်းလေးတော့ တုန်လှုပ်သွားတာမှန်ပေမယ့်..
နည်းနည်းလေးတော့ နောင်တရတာမှန်ပေမယ့်..ရှောင်ကျန့်ဆိုတာ ဘယ်လိုလူမှန်းမသိခင်ထဲက သူ ချစ်ခဲ့တာ..
သူ့မှာ ရှောင်ကျန့်ကိုပဲ ရွေးစရာရှိတာမဟုတ်လား..၊အဲဒီလူကို မတွေ့ရတဲ့ နာရီတွေက ရာချီနေပြီ..
ဖြစ်နိုင်ရင် အခုချက်ချင်း ရှောင်ကျန့်ကို မျက်နှာချင်းဆိုင်တွေ့ပြီး တောင်းပန်ချင်တယ်..
စိတ်တိုပြီးဆွဲထိုးရင်တောင် သူပေတေခံချင်တယ်..ဒါပေမယ့် ဝမ်ရိပေါ်က သူ့လောဘတစ်ခုထဲနဲ့ ရှောင်ကျန့်ရဲ့အားနည်းချက်ကို ဖိနင်းခဲ့မိတယ်ဆိုတဲ့ အတွေးက သူ့စိတ်အလိုကိုမလိုက်ဘူး..
သူအတင်းနမ်းလိုက်လို့ မေ့မျောသွားတဲ့ ဖြူစွတ်စွတ်မျက်နှာလေးက သူ့ကို နောက်ထပ်မြင်ချင်ပါ့မလားဆိုတဲ့ မေးခွန်းတွေက ပြေးတွေ့ချင်စိတ်ကို သတ်သတ်ချတယ်..ဒါပေမယ့် ဝမ်ရိပေါ်က ဝမ်ရိပေါ်ပဲထင်ပါရဲ့..
ဆေးရုံပေမယ့်လည်း နေ့ဘက်ဆို လိုက်ကြည့်တတ်တဲ့ မျက်လုံးတွေများလို့ ညသန်းခေါင်ဆို ကျန့်ကောအခန်းရှေ့ သူရောက်ရောက်သွားတတ်တယ်...
ဘယ်သူမှ မသိလဲ သူက တံခါးမှူးလေးလုပ်ပြီး စောင့်ရှောက်ချင်သေးတာ..
YOU ARE READING
Before I Let You Go
General Fictionခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about happy ending so read at your own risk.