[ Zawgyi ]
မနက်စောစောမို့ အသွားအလာရှင်းနေတဲ့ ကတ္တရာလမ်းလေးရဲ့ တဖက်တချက်မှာ အပင်တွေက အုပ်ဆိုင်းဆိုင်းတည်တယ်..
အဝါရောင်အနီရောင်ရောနေတဲ့ ပန်းပွင့်ဖတ်တွေက လမ်းတလျှောက်မှာ လေနဲ့အတူ တလွင့်လွင့်..တရိပ်ရိပ်ပြေးနေတဲ့ ကားဖြူလေးထဲမှာတော့ သူတို့နှစ်ယောက်ရှိနေတယ်..
စတူဒီယိုသီချင်းဟောင်းတွေကိုပဲ ရွေးဖွင့်ထားတဲ့ သူ့ကျန့်ကောက ဘေးခုံကနေ အပြင်ကိုငေးရင်း နှုတ်ခမ်းလေးတလှုပ်လှုပ်နဲ့ လိုက်ညည်းနေရဲ့ ...ရိပေါ်ကတွေးတယ်..
သဘာဝတရားက ဘက်လိုက်လွန်းနေသလားလို့..
ရှုခင်းချင်းတူတူတောင် ကောရဲ့ ပြတင်းပေါက်ခြမ်းက ပိုလှနေသလိုပဲ.." ရှေ့ကြည့်မောင်း ရိပေါ် "
" ကောကလဲဗျာ.. ဒါပဲပြောနေတာ ဆယ်ခေါက်လောက်ရှိပြီ "
" သိရင်လဲ ပြီးရော.. ငါလဲ အာညောင်းနေပြီ "
" ကျွန်တော် ဥုံဖွ လုပ်ပေးရမလား..လာ "
ဘာမှပြန်မပြောတော့တဲ့ ရှောင်ကျန့်က ဘုကြည့်ကြည့်ပြီးမှ လှည့်သွားတော့ ရိပေါ်က ခိုးရယ်တယ်..
တကယ်ပါ..
သူ့ကျန့်ကောက ဖြစ်ညှစ်ချင်စရာလေး..မနေနိုင်မထိုင်နိုင်နဲ့ ပေါင်ပေါ်တင်ထားတဲ့ လက်ကလေးကို ဖမ်းညှစ်တော့ ကျန့်ကောက လန့်ပြီးတုန်သွားရဲ့..
သူမှန်းသိတော့မှ သက်ပြင်းချပြီး ငြိမ်သက်ပေးသွားတဲ့ လက်ကလေးကို ဆွဲပြီးနမ်းချင်စိတ်ကိုတော့ မနည်း ချွန်းအုပ်လိုက်ရတယ်..ဖြစ်နိုင်ရင် ရိပေါ်က မနေ့ညထဲက ကျန့်ကောကိုယ်လုံးလေးကို လွှတ်ပေးချင်ခဲ့တာမဟုတ်ဘူး..
ထူးထူးခြားခြား ရတောင့်ရခဲ့ကြည်ဖြူမှုလေးကို ဝမ်ရိပေါ်က နောင်တသက် နောင်ဆယ်သက်အထိ ကန်ထရိုက်ဆွဲထားချင်သေးတာ.." ဝမ်ရိပေါ် !! "
" ကြည့်ပြီ ကြည့်ပြီ.. ရှေ့ကြည့်ပြီ "
ကားက ဟိုဘက်လမ်းကြောကို သုံးပုံနှစ်ပုံလောက်လေးပဲ ကျော်သွားတာကို..
အဘိုးကြီးပေါက်စ သူ့ ကျန့်ကောက အရမ်းစိုးရိမ်တတ်လွန်းတာပဲ ။
အသဲယားယားနဲ့ ပိုဖျစ်ညှစ်လိုက်မိတဲ့ လက်ကလေးကတော့ ရဲရဲနီနေရော့မယ် ထင်ရဲ့..။
.
YOU ARE READING
Before I Let You Go
General Fictionခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about happy ending so read at your own risk.