[Zawgyi]
ဒီရက်ပိုင်းတွေမှာ ဝမ်ရိပေါ်က အိမ်ပြေးလေးတယောက်ပဲ...
ဇာတ်လမ်းအသစ်အတွက် ရိုက်ကူးရေး ပြီးသွားလို့ဆိုပြီး ကျိရန်က schedule တွေလျော့ပေးလိုက်တဲ့နောက်ပိုင်း အားတဲ့အချိန်တိုင်း တယောက်ထဲ ပျောက်ပျောက်သွားတတ်တယ်..
ပြီးတော့ အိမ်ကိုမပြန်ဘဲ သူ့ရဲ့ သက်ရှိအိမ်လေးကို တံခါးသွားသွားခေါက်တယ်...
ကျန့်ကောရှိတဲ့နေရာက သူ့အိမ်ဆိုပြီးတော့..၊ခရီးကပြန်လာပြီးနောက်ပိုင်း ရှောင်ကျန့်ရဲ့ လက်လေးတဖက်က ဘယ်တော့မှမအားတော့ဘူး..
အစက နေသားမကျခဲ့ပေမယ့် ဝမ်ရိပေါ်ရဲ့ နူးနူးညံ့ညံ့ဆုပ်ကိုင်ထားမှုတွေမှာ ကျန့်ကောက ကျေကျေနပ်နပ်ကြီး ငြိမ်သက်ပေးလိုက်ရတာပဲ..
ကျန့်ကောလက်တွေက အေးစက်မနေပေမယ့် နွေးနွေးထွေးထွေးတော့လဲ မရှိနေဘူး...
စုတ်တံတွေကိုင်နေကျမို့ လက်ထိပ်လေးတွေမှာ အသားမာလေးတွေ တက်ချင်နေတယ်...
လက်ချောင်း ဖောင်းဖောင်းလေးတွေက ဖိကပ်နမ်းချင်စရာ အပြည့်နဲ့..ဒါကို ပန်းချီတွေထက် ပန်းချီဆရာလေးရဲ့လက်ကိုပဲ အပိုင်သိမ်းချင်နေတဲ့ ဝမ်ရိပေါ်ပဲအသိဆုံး..
ငယ်ငယ်က စာလုပ်ဖို့အပျင်းတစ်ခဲ့တဲ့ ဝမ်ရိပေါ်က အခုတော့ သူ့ကျန့်ကောရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို စာစီစာကုံးရေးပစ်ဖို့ ကြံနေသေးတာ..
နိဒါန်းရော စာကိုယ်ရော နိဂုံးရောမှာ မြတ်နိုးခြင်းတွေအပြည့်နဲ့..။တခါတလေ အရူးရင့်လာရင် ဝမ်ရိပေါ်က ဒီလိုလဲ ပြောတတ်သေးတယ်..
" ကောလက်နဲ့သာ နေ့တိုင်းထိတွေ့ပေးထား..
ကျွန်တော်က ကောရဲ့ သက်ရှိပန်းချီကားလေးဖြစ်ချင်တာ " တဲ့....
.
.
" ရိပေါ်.. မင်းမျက်နှာကြီးကို ပြင်ထားစမ်းပါ "
ဒီနေ့က ရိပေါ်မွေးနေ့ ..
ပြီးတော့ မကြာခင်လွှင့်တော့မယ့် ဇာတ်လမ်းရဲ့ press show လုပ်တဲ့နေ့..ဒီနေ့မှ ပေးလုပ်ရပါ့မလားဆိုပြီး ကျိရန်ကို စိတ်တွေဆိုးတော့ မင်းအားနေတာမဟုတ်ဘူးလားလို့ ပြန်မေးမိလိုက်တာ စကားတောင်ပြန်မပြောတော့ဘဲ စိတ်ကောက်သွားတာ အခုပွဲစခါနီးထိ..၊
စိတ်ကောက်တာကအရေးမကြီးပေမယ့် ရေခဲရိုက်ထားသလို ရုပ်တည်ကြီးနဲ့ထိုင်နေတာကတော့ ပြဿနာပဲ..။
YOU ARE READING
Before I Let You Go
General Fictionခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about happy ending so read at your own risk.