Extra Z

7K 462 93
                                    

- Longing for you -

အချိန်တွေက ကုစားတတ်တယ်တဲ့..
နီးခြင်းဝေးခြင်းတွေက ပညတ်ချက်တွေတဲ့..

လောကနိယာမဆိုတဲ့ ဒီအချက်တွေကို ဝမ်ရိပေါ်က အော်ဟစ်ပြီး လှောင်ရယ်ပစ်လိုက်ချင်ပါရဲ့.။

.

.

.

ရှောင်းကျန့် ထွက်သွားခါစနေ့ရက်တွေမှာ ရိပေါ်က သူ့ကိုယ်သူ အမှောင်ချပစ်ခဲ့တယ်။
နာရီသံ တချက်ချက်နဲ့ အသက်ရှုသံ ခပ်သဲ့သဲ့က သူကြားနိုင်သမျှပဲ..
ခပ်ဝါးဝါး ဆေးလိပ်ငွေ့နဲ့ နေရာမရွေ့သေးတဲ့ ပန်းချီကားတစ်ချပ်က သူ မြင်နိုင်သမျှပဲ..

ပေါက်ကွဲလိုက် ဖွင့်ထုတ်လိုက် ဆိုတဲ့ ဟောက်ရွှမ်းစကားကို သေလောက်အောင် ကြိုးစားကြည့်ပေမယ့် ဘယ်လိုလုပ်ရမှန်းမသိတဲ့ထိ ရိပေါ်က ဒီနာကျင်မှုမှာ နစ်ဝင်နေခဲ့ပြီးဖြစ်တယ်။

' မင်းဆီပြန်လာမယ်လို့ပြောသွားလား ' တဲ့။
ဟောက်ရွှမ်းရဲ့ နောက်ထပ်အမေးအောက်မှာ ရိပေါ်က လိပ်ပြာမလုံချင်တော့တာမို့ အဆက်အသွယ်မှန်သမျှကိုပါ သူ ဖြတ်တောက်ပစ်ခဲ့မိပြန်တယ်..။

ဒီရက်ပိုင်းတွေမှာ တစ်လောကလုံးက ပိုညိုမှိုင်းလာတယ်..
ဒီရက်ပိုင်းတွေမှာ သူ အသက်ရှူရ ပိုခက်လာတယ်..
ဒီရက်ပိုင်းတွေက ညိုမည်းလာရင်း..
ဒီရက်ပိုင်းတွေမှာ ပိုပြိုလဲလာရင်း..

မှန်ထဲမှာ မြင်လာရတဲ့ နှုတ်ခမ်းတွေကအစ ညိုလာတာ သတိထားမိတော့ ရိပေါ်က ကြောက်တတ်လာတယ်..
ကိုယ့်နှုတ်ခမ်းကို ခပ်ကြမ်းကြမ်းဖိပွတ်မိတဲ့အထိကို ဒီအညိုရောင်တွေက တသက်လုံး စွဲမြဲနေတော့မှာကို သူ တကယ် ကြောက်ပါတယ်..။

" ကော ပြန်မလာမှာ ကျွန်တော် တကယ် ကြောက်တယ် "

ခပ်တိုးတိုးရွတ်ရင်း ကိုယ့်ရင်ကိုယ်ဖွင့်မိတဲ့ ခဏခဏတွေ..။

ထွက်ပြေးသွားပြီးသား လူတစ်ယောက်ကို တကယ်လက်လွှတ်ရတော့မှာလား ဆိုပြီး ထိတ်လန့်နေခဲ့ပြန်တဲ့ ဝမ်ရိပေါ်က သိပ်ကို ရူးကြောင်ကြောင်နိုင်တယ် ဆိုတာ သူ ဝန်ခံပါတယ်။

Before I Let You GoWhere stories live. Discover now